မိမိအိမ်တွင် Self-quarantine လုပ်နေသူများအနေဖြင့် မဖြစ်မနေ သိထားသင့်သည့်အချက်များ
● ကောင်းကောင်းအနားယူပါ။ အိပ်ရေး၀၀ အိပ်စက်ပါ။
● ရေနဲ့ အရည်များများ သောက်ပါ။ ဓာတ်ဆားရည်သောက်ပါ။
● အသား၊ ငါးနဲ့ ကစီဓာတ်များများ စားသုံးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများများစားပေးပါ။
● ကိုယ်ပူချိန်မြင့်တက်ခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း စတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပြီဆိုပါက ဆေးရုံ (သို့) Fever Clinic သို့ သွားပါ။
● အသက်ရှူကျပ်ခြင်း၊ မောခြင်း၊ မှိန်းခြင်းတို့ ဖြစ်ပေါ်လာပြီဆိုတာနဲ့ ဆေးရုံ အမြန်ပြပါ။
● သင့်အခန်းထဲရှိ လက်နဲ့ ကိုင်တွယ်မှုများသောပစ္စည်းများကို အရက်ပြန်ဖြင့် ဆေးကြောပါ။ တစ်စုံတစ်ယောက်ကို သန့်ရှင်းခိုင်းမယ်ဆိုရင် သင့်အိပ်ခန်းနဲ့ ရေချိုးခန်းကို မဝင်ရောက်စေဘဲ အခြားသော ထိတွေ့မှုများတဲ့ပစ္စည်းများကိုသာ သန့်စင်ခိုင်းသင့်ပါတယ်။
Bio Adult 1

● တကယ်လို့ နေမကောင်းသူ နေထိုင်ခဲ့တဲ့အခန်းနဲ့ ရေချိုးခန်းကို သန့်စင်မယ်ဆိုပါက သန့်စင်မယ့်သူဟာ နေမကောင်းသူ အသုံးပြုပြီး အတော်ကြာမှသာ ဝင်ရောက်သင့်ပြီး Mask တပ်ခြင်း၊ လက်အိပ်စွပ်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။
● ဖုန်း၊ ရီမု၊ စားပွဲများ၊ တံခါးဘုများ၊ ရေချိုးခန်းတံခါးများ၊ အိမ်သာ၊ ကွန်ပျူတာ၊ တက်ဘလက် စတဲ့ ပစ္စည်းတွေကို အရက်ပြန်ဖြင့် သန့်စင်ပေးရမှာ ဖြစ်ပါတယ်။
● သွေး၊ ဆီး၊ အညစ်အကြေးနဲ့ ကိုယ်တွင်းအရည်များ ပေစွန်းနေတတ်တဲ့အရာတွေကိုလည်း သေသေချာချာ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Bio Adult 2

(Zawgyi)
● ေကာင္းေကာင္းအနားယူပါ။ အိပ္ေရး၀၀ အိပ္စက္ပါ။
● ေရနဲ႔ အရည္မ်ားမ်ား ေသာက္ပါ။ ဓာတ္ဆားရည္ေသာက္ပါ။
● အသား၊ ငါးနဲ႔ ကစီဓာတ္မ်ားမ်ား စားသုံးပါ။ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးမ်ားမ်ားစားေပးပါ။
● ကိုယ္ပူခ်ိန္ျမင့္တက္ျခင္း၊ ႏွာေခ်ျခင္း၊ ႏွာရည္ယိုျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း စတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ား ျဖစ္ေပၚလာၿပီဆိုပါက ေဆး႐ုံ (သို႔) Fever Clinic သို႔ သြားပါ။
● အသက္ရႉက်ပ္ျခင္း၊ ေမာျခင္း၊ မွိန္းျခင္းတို႔ ျဖစ္ေပၚလာၿပီဆိုတာနဲ႔ ေဆး႐ုံ အျမန္ျပပါ။
● သင့္အခန္းထဲရွိ လက္နဲ႔ ကိုင္တြယ္မႈမ်ားေသာပစၥည္းမ်ားကို အရက္ျပန္ျဖင့္ ေဆးေၾကာပါ။ တစ္စုံတစ္ေယာက္ကို သန႔္ရွင္းခိုင္းမယ္ဆိုရင္ သင့္အိပ္ခန္းနဲ႔ ေရခ်ိဳးခန္းကို မဝင္ေရာက္ေစဘဲ အျခားေသာ ထိေတြ႕မႈမ်ားတဲ့ပစၥည္းမ်ားကိုသာ သန႔္စင္ခိုင္းသင့္ပါတယ္။
● တကယ္လို႔ ေနမေကာင္းသူ ေနထိုင္ခဲ့တဲ့အခန္းနဲ႔ ေရခ်ိဳးခန္းကို သန႔္စင္မယ္ဆိုပါက သန႔္စင္မယ့္သူဟာ ေနမေကာင္းသူ အသုံးျပဳၿပီး အေတာ္ၾကာမွသာ ဝင္ေရာက္သင့္ၿပီး Mask တပ္ျခင္း၊ လက္အိပ္စြပ္ျခင္းတို႔ကို မျဖစ္မေန ျပဳလုပ္သင့္ပါတယ္။
● ဖုန္း၊ ရီမု၊ စားပြဲမ်ား၊ တံခါးဘုမ်ား၊ ေရခ်ိဳးခန္းတံခါးမ်ား၊ အိမ္သာ၊ ကြန္ပ်ဴတာ၊ တက္ဘလက္ စတဲ့ ပစၥည္းေတြကို အရက္ျပန္ျဖင့္ သန႔္စင္ေပးရမွာ ျဖစ္ပါတယ္။
● ေသြး၊ ဆီး၊ အညစ္အေၾကးနဲ႔ ကိုယ္တြင္းအရည္မ်ား ေပစြန္းေနတတ္တဲ့အရာေတြကိုလည္း ေသေသခ်ာခ်ာ သန႔္စင္ေပးဖို႔ အေရးႀကီးပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
















