/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးကျန်းမာစေဖို့-အစားအစာ-5-မျိုး

မျက်လုံးကျန်းမာစေဖို့ အစားအစာ (5) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မုန်လာဥနီနဲ့ အခြားလိမေ္မာ်ရောင်ရှိတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက မျက်စိကျန်းမာစေပြီး အမြင်အာရုံ အားကောင်းစေတယ်ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ ဒီအစားအစာတွေမှာ ပါဝင်တဲ့ beta carotene ဆိုတဲ့ ရောင်ခြယ်ပစ္စည်းက မြင်လွှာနဲ့ မျက်လုံးရဲ့ အခြားအစိတ်အပိုင်းတွေကို အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ ဒါပေမဲ့ မျက်လုံး ကျန်းမာစေဖို့အတွက်ဆိုရင် beta carotene သာမက အခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်အမျိုးမျိုးကို စားသုံးဖို့ အရေးကြီးပါတယ်။

 

1. အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ

          ဒီအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာတော့ zeaxanthin နဲ့ lutein ဆိုတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး အမြင်အာရုံ ဆုံးရှုံးခြင်းနဲ့ တိမ်စွဲခြင်းတို့မှ ကာကွယ်ပေးပါတယ်။

 

2. ဥအမျိုးမျိုး

          ကြက်ဥအနှစ်က lutein, zeaxanthin, zinc တို့ရဲ့ အရင်းအမြစ်ဖြစ်ပြီး အမြင်အာရုံ ဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။

 

3. ချဉ်သောအသီးများနှင့် ဘယ်ရီသီးများ

          ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒီအသီးတွေကလည်း အမြင်အာရုံ ဆုံးရှုံးခြင်းနဲ့ တိမ်စွဲခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

 

4. အယ်လ်မွန်သီး

          အယ်လ်မွန်သီးမှာ ဗီတာမင် E ပါဝင်ပြီးတော့ အမြင်အာရုံ ဆုံးရှုံးခြင်းကို နှေးကွေးစေပါတယ်။ အယ်မွန်သီး တစ်အောင်စ စားသုံးခြင်းဖြင့် နေ့စဉ်လိုအပ်သော ဗီတာမင် E ပမာဏရဲ့ တစ်ဝက်ကို ရရှိနိုင်ပါတယ်။

 

5. အဆီများသောငါးများ

          တူနာငါး၊ ဆယ်လ်မွန်ငါး စတာတွေမှာ မြင်လွှာမှာရှိတဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ DHA ကြွယ်ဝစွာ ပါဝင်ပြီး မျက်လုံးခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)