ရေများများသောက်ဖို့ မမေ့ပါနဲ့
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
ကယ်လိုရီတွေလောင်ကျွမ်းစေနိုင်ဖို့အတွက် ခန္ဓာကိုယ်က ရေဓာတ် လိုအပ်ပါတယ်။ ရေဓာတ်နည်းနည်းခမ်းခြောက်ရင်တောင် ဇီဝကမ္မဖြစ်စဉ်နှေးကွေး သွားပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင်ရေ 8 ဖန်ခွက်သောက်သုံးသူတွေက ရေ 4 ဖန်ခွက်သောက်သူတွေထက် ကယ်လိုရီပိုပြီးလောင်ကျွမ်းတာကိုတွေ့ရပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့ အစာမစားခင်မှာ ရေတစ်ခွက် (သို့) အချိုမပါတဲ့ဖျော်ရည်တစ်ခွက်အမြဲသောက်ပေးပါ။ အခြားသွားရည်စာမုန့်တွေစားမယ့်အစား ရေဓာတ်ပါဝင်တဲ့ လတ်ဆတ်သောသစ်သီးနဲ့ ဟင်းသီးဟင်းရွက်များစားသုံးပါ။
















