လည်ပင်းနဲ့ ဇက်ကြောတွေ နာတဲ့အခါ စိတ်ပူစရာ အကြောင်းရင်းများ
လည်ပင်းတွေ တင်းနေ၊ နာနေတာ ဇက်ကြောတွေ တင်းတာနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ စိတ်ပူသင့်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
● ဇက်ကြောတွေ တင်းနေ၊ နာနေတာ နှစ်လနီးပါးရှိခြင်း
● ပြင်းထန်စွာ နာကျင်ခြင်း
● မသက်သာလာခြင်း
● ဂုတ်ပိုးနေရာကို ထိကြည့်တဲ့အခါ နာကျင်ခြင်း
● အစားပျက်ခြင်း
● ပိန်ကျလာခြင်း
● မကြာခဏ ချမ်းဖျားတက်ခြင်း
● ခေါင်းကို ရှေ့ငုံ့တိုင်း တင်းနေခြင်း
● ရုတ်တရက် မကြာခဏ ခေါင်းထိုးကိုက်ခြင်း
● လက်တွေ၊ ခြေတွေ ပျော့လာခြင်း
● အလိုလို အားနည်းလာခြင်း
● လည်ပင်းနေရာ၊ ဂုတ်နေရာတွေ နာတိုင်း အန်ခြင်း၊ ပျို့ခြင်း
တကယ်လို့ ဖော်ပြပါလက္ခဏာတွေ ရှိတဲ့အခါ အောက်ပါတို့ကို စဉ်းစားထားသင့်ပါတယ်။ အရေးကြီးလာပြီမို့ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးပြသကုသကြပါ။
● ကင်ဆာအလုံးအကျိတ် တစ်ခုခု ပိနေခြင်း
● ကိုယ်ခံအားလွန်ရောဂါများ
● ကျောရိုးအာရုံကြောရောဂါ
● ဦးနှောက်အမြှေးရောင်ရောဂါ
● ဆီးချိုနှင့် အာရုံကြောရောဂါ
● လေဖြတ်ရောဂါ
● သွေးတိုးရောဂါတွေ
ဖြစ်နေတတ်ပါတယ်။
ဖော်ပြပါလိုလည်း မခံစားရဘဲ နေ့စဉ် နာနေ၊ တင်းနေတတ်ရင် သင့်တင့်မျှတတဲ့ လေ့ကျင်ခန်းတစ်ခု နေ့စဉ်လုပ်ခြင်းဖြင့် ဂုတ်ကြောတွေကို လျော့စေပါတယ်။ လေ့ကျင်ခန်းလုပ်ရင်း ချွေးလေး ရွှဲလာပြီး ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေ ပေါ်လာကာ စိတ်ဖိစီးမှုကနေ အထိုက်အလျောက် သက်သာလာတာကြောင့် လည်ပင်းနဲ့ ဇက်ကြောတွေ တင်းတာ၊ လျော့လာတာ ဖြစ်ပါတယ်။
အသက်ကြီးလို့၊ အရိုးပွလို့ ဇက်ကြောနာတာ၊ စိတ်ဖိစီးလို့ ကြွက်သားတွေ တင်းတာ၊ နာတာ အနေအထား မမှန်လို့ ခေါင်းအုံး အနေအထား အဆင်မပြေလို့ နာတာတွေက အရေးမကြီးလှပါဘူး။ ကိုယ်ဟန်အနေအထား ပြုပြင်လိုက်ရုံ၊ အနားယူလိုက်ရုံ၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးရုံနဲ့ ကောင်းစွာ သက်သာ ပျောက်ကင်းသွားနိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















