လုပ်ငန်းခွင်တွင်း ခေါင်းတစ်ခြမ်းကိုက်လေ့ရှိသူများ
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လူတိုင်းနီးပါး ခံစားဖူးကြပါတယ်။ ညက အိပ်ရေးမဝလို့သော်လည်းကောင်း၊ ၀ိတ်လျှော့နေလိုု့ အစာ ကောင်းကောင်း မစားဖြစ်လို့သော်လည်းကောင်း၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုများကြောင့်သော်လည်းကောင်း ခေါင်းတစ်ခြမ်းကိုက်စေသော အကြောင်းရင်းများစွာ ရှိပါတယ်။
>> ခေါင်းတစ်ခြမ်းကိုက်ခြင်း ဘာလို့ဖြစ်ပေါ်သလဲ
1. အိပ်ရေးပျက်ခြင်း
2. ပူပန်သောကများခြင်း
3. ကော်ဖီ အသောက်များခြင်း
4. အသား လွန်ကဲစွာစားခြင်း
5. အစာရှောင်ခြင်း
6. ရာသီလာခြင်း
7. ရေဓာတ်နည်းခြင်း
8. အလင်းရောင်စူးခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
Bio Adult 1

>> ခေါင်းတစ်ခြမ်းကိုက်ခြင်းမဖြစ်ပေါ်အောင် ဘာတွေလိုက်နာရမလဲ
♦ အိပ်ရေး ဝအောင်အိပ်ပါ။
♦ တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမသောက်ပါနဲ့။
♦ အသီးအရွက်နဲ့ အသားငါးများ မျှတအောင်စားပါ။
♦ အဆာမခံပါနဲ့။
♦ နားချိန်တွင် ငါးမိနစ်ခန့် လမ်းထွက်လျှောက်ပြီး လေကောင်းလေသန့်ရှူပါ။
♦ မိမိစိတ်ကို အေးချမ်းအောင်ထားပါ။
♦ စိတ်သောကများကို မေ့ဖျောက်ပါ။
တစ်ခါတလေမှာ အထက်ပါအချက်များကြောင့်မဟုတ်ဘဲ ရာသီဥတု သို့မဟုတ် ဟော်မုန်းအပြောင်းအလဲများကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါသေးတယ်။
လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)
Bio Adult 2

(Zawgyi)
ေခါင္းတစ္ျခမ္းကိုက္ျခင္းကို လူတိုင္းနီးပါး ခံစားဖူးၾကပါတယ္။ ညက အိပ္ေရးမဝလို႔ေသာ္လည္းေကာင္း၊ ၀ိတ္ေလၽွာ့ေနလိုု႔ အစာ ေကာင္းေကာင္း မစားျဖစ္လို႔ေသာ္လည္းေကာင္း၊ လုပ္ငန္းခြင္ စိတ္ဖိစီးမႈမ်ားေၾကာင့္ေသာ္လည္းေကာင္း ေခါင္းတစ္ျခမ္းကိုက္ေစေသာ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။
>> ေခါင္းတစ္ျခမ္းကိုက္ျခင္း ဘာလို႔ျဖစ္ေပၚသလဲ
1. အိပ္ေရးပ်က္ျခင္း
2. ပူပန္ေသာကမ်ားျခင္း
3. ေကာ္ဖီ အေသာက္မ်ားျခင္း
4. အသား လြန္ကဲစြာစားျခင္း
5. အစာေရွာင္ျခင္း
6. ရာသီလာျခင္း
7. ေရဓာတ္နည္းျခင္း
8. အလင္းေရာင္စူးျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေပၚတတ္ပါတယ္။
>> ေခါင္းတစ္ျခမ္းကိုက္ျခင္းမျဖစ္ေပၚေအာင္ ဘာေတြလိုက္နာရမလဲ
♦ အိပ္ေရး ဝေအာင္အိပ္ပါ။
♦ တစ္ေန႔လၽွင္ ေကာ္ဖီ ၂ ခြက္ထက္ ပိုမေသာက္ပါနဲ႔။
♦ အသီးအရြက္နဲ႔ အသားငါးမ်ား မၽွတေအာင္စားပါ။
♦ အဆာမခံပါနဲ႔။
♦ နားခ်ိန္တြင္ ငါးမိနစ္ခန႔္ လမ္းထြက္ေလၽွာက္ၿပီး ေလေကာင္းေလသန႔္ရႉပါ။
♦ မိမိစိတ္ကို ေအးခ်မ္းေအာင္ထားပါ။
♦ စိတ္ေသာကမ်ားကို ေမ့ေဖ်ာက္ပါ။
တစ္ခါတေလမွာ အထက္ပါအခ်က္မ်ားေၾကာင့္မဟုတ္ဘဲ ရာသီဥတု သို႔မဟုတ္ ေဟာ္မုန္းအေျပာင္းအလဲမ်ားေၾကာင့္လည္း ေခါင္းတစ္ျခမ္း ကိုက္ေစနိုင္ပါေသးတယ္။
ေလေျပႏုေသြး(ေဆး-၂) (www.drmyanmar.com)
















