လုပ်ငန်းခွင်အတွင်း ကျန်းမာ ပျော်ရွှင်စွာ အလုပ်လုပ်ကြမယ်
(Zawgyi)
ေန႔စဥ္လုပ္ငန္းခြင္ဟာ သင့္အတြက္ေတာ့ အိမ္မွာထက္ေတာင္ ပိုအခ်ိန္ျဖဳန္းရတဲ့ ေနရာတစ္ခုဆို မမွားပါဘူး။ ကြ်န္မတို႔ေတြအေနနဲ႔ အလုပ္ေတြ ပင္ပန္းတဲ့အတြက္ က်န္းမာေရးကို အထူးတလည္ ဂရုစိုက္ရတဲ့အခ်ိန္ဟာ နည္းပါးပါတယ္။ ဒါဆို က်န္းမာျခင္းနဲ႔ျပည့္စံုတဲ့ လုပ္ငန္းခြင္ကို ဖန္တီးၿပီး အလုပ္လုပ္ရင္း က်န္းမာႏုိ္င္ဖို႔ နည္းလမ္းေတြကို ေလ့လာၾကည့္ၾကစို႔ေနာ္။
(၁) ထုိင္ၿပီး အလုပ္လုပ္တာ ၾကာၿပီဆိုရင္ မတ္တတ္ထထရပ္ေပးပါ။
အထိိုင္မ်ားျခင္းဟာ က်န္းမာေရးဆိုးက်ိဳးေတြကို လက္ယပ္ေခၚေနသလိုျဖစ္တာမုိ႔ 2 နာရီေလာက္ၾကာတိုင္း တစ္ခါ မတ္တပ္ရပ္တာမ်ိဳး၊ လမ္းေလွ်ာက္တာမ်ိဳး လုပ္ေပးပါ။ အေနအထားတစ္ခုတည္းတြင္ တစ္ေနကုန္ေနတာထက္ လႈပ္ရွားမႈျပဳလုပ္ျခင္းျဖင့္ က်န္းမာေရးကို အေထာက္အကူျပဳေစမွာ ျဖစ္ပါတယ္။
(၂) သက္ေသာင့္သက္သာရွိပါေစ။
၀န္ထမ္းတစ္ေယာက္ခ်င္းစီအတြက္ သက္ေသာင့္သက္သာျဖစ္ေသာ ေနရာအက်ယ္အ၀န္း ထားရွိသင့္ပါတယ္။ အလြန္က်ဥ္းလြန္းတဲ့ ႐ံုးခန္းေတြဟာ သက္ေသာင့္သက္သာမရွိေစဘဲ စိတ္က်ဥ္းက်ပ္ေစလို႔ အလုပ္လုပ္ရာတြင္ productivity က်ေစႏုိင္ပါတယ္။
(၃) ဆုေပးသည့္စနစ္ က်င့္သံုးပါ။
Target မ်ား ခ်မွတ္ေပးၿပီး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္သူမ်ားကို ခ်ီးက်ဴးစကားဆိုျခင္း၊ နားခ်ိန္အတြင္း အဆာေျပမုန္႔မ်ား ေကၽြးျခင္းစသည့္ ဆုေပးသည့္စနစ္မ်ားကို က်င့္သံုးျခင္းျဖင့္ ၀န္ထမ္းမ်ားကို ေပ်ာ္ရြင္ေစမွာ ျဖစ္ပါတယ္။
(၄) ၀န္ထမ္းအခ်င္းခ်င္း ခ်စ္ခင္ရင္းနွီးပါေစ။
လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးျခင္းျဖင့္ ေပ်ာ္ရႊင္ေသာလုပ္ငန္းခြင္ကို ဖန္တီးႏိုင္မွာျဖစ္ၿပီး က်န္းမာေစဖို႔လည္း အေထာက္အကူျပဳေပးႏုိင္ပါတယ္။
Enervon-C Adult 1

(၅) Indoor သစ္ပင္မ်ား စိုက္ပ်ဳိးပါ။
သစ္ပင္မ်ားဟာ လုပ္ငန္းခြင္အတြင္း အျမင္စိမ္းစိုေစတဲ့အျပင္ က်န္းမာေစဖို႔လည္း ကူညီႏုိင္ပါေသးတယ္။ ေလထုကို သန္႔စင္ေပးမယ့္အျပင္ စိတ္ခံစားမႈကိုလည္း ေကာင္းမြန္ေစပါတယ္။
(၆) ေလေကာင္းေလသန္႔ ရရွိပါေစ။
လုပ္ငန္းခြင္အတြင္း ေလထုသန္႔စင္ျခင္းျဖင့္ ဓာတ္မတည့္ျခင္းေၾကာင့္ျဖစ္ေသာ ျပႆနာမ်ားကို ကာကြယ္ေပးႏိုင္ပါလိမ့္မယ္။
(၇) ေဆးအစိမ္း သုတ္ပါ။
ေလ့လာခ်က္မ်ားအရ အလုပ္ခြင္တြင္ ေဆးအစိမ္းသုတ္ျခင္းျဖင့္ တီထြင္ဉာဏ္ကို ပိုထက္သန္ေစတယ္လို႔ သိရပါတယ္။ ေဆးအစိမ္း မသုတ္လိုပါက လိုက္ကာအစိမ္းေရာင္တပ္ျခင္း၊ ပန္းခ်ိီကား အစိမ္းေရာင္ ခ်ိတ္ဆြဲျခင္းတုိ႔ကို ျပဳလုပ္ႏိုင္ပါတယ္။
(၈) အေသးစား ျငင္းခံုမႈမ်ား ရွိပါေစ။
တစ္ခါတေလမွာ စာအုပ္ႀကီးအတိုင္း သြားေနျခင္းထက္ ျငင္းခံုမႈမ်ား ျပဳလုပ္ျခင္းက အိုင္ဒီယာအသစ္ေတြ ပိုထြက္ေစလုိ႔ ျဖစ္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
Enervon-C Adult 2

(Unicode)
နေ့စဉ်လုပ်ငန်းခွင်ဟာ သင့်အတွက်တော့ အိမ်မှာထက်တောင် ပိုအချိန်ဖြုန်းရတဲ့ နေရာတစ်ခုဆို မမှားပါဘူး။ ကျွန်မတို့တွေအနေနဲ့ အလုပ်တွေ ပင်ပန်းတဲ့အတွက် ကျန်းမာရေးကို အထူးတလည် ဂရုစိုက်ရတဲ့အချိန်ဟာ နည်းပါးပါတယ်။ ဒါဆို ကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပြီး အလုပ်လုပ်ရင်း ကျန်းမာနိုင်ဖို့ နည်းလမ်းတွေကို လေ့လာကြည့်ကြစို့နော်။
(၁) ထိုင်ပြီး အလုပ်လုပ်တာ ကြာပြီဆိုရင် မတ်တတ်ထထရပ်ပေးပါ။
အထိုင်များခြင်းဟာ ကျန်းမာရေးဆိုးကျိုးတွေကို လက်ယပ်ခေါ်နေသလိုဖြစ်တာမို့ 2 နာရီလောက်ကြာတိုင်း တစ်ခါ မတ်တပ်ရပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အနေအထားတစ်ခုတည်းတွင် တစ်နေကုန်နေတာထက် လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
(၂) သက်သောင့်သက်သာရှိပါစေ။
ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် သက်သောင့်သက်သာဖြစ်သော နေရာအကျယ်အဝန်း ထားရှိသင့်ပါတယ်။ အလွန်ကျဉ်းလွန်းတဲ့ ရုံးခန်းတွေဟာ သက်သောင့်သက်သာမရှိစေဘဲ စိတ်ကျဉ်းကျပ်စေလို့ အလုပ်လုပ်ရာတွင် productivity ကျစေနိုင်ပါတယ်။
(၃) ဆုပေးသည့်စနစ် ကျင့်သုံးပါ။
Target များ ချမှတ်ပေးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်သူများကို ချီးကျူးစကားဆိုခြင်း၊ နားချိန်အတွင်း အဆာပြေမုန့်များ ကျွေးခြင်းစသည့် ဆုပေးသည့်စနစ်များကို ကျင့်သုံးခြင်းဖြင့် ဝန်ထမ်းများကို ပျော်ရွင်စေမှာ ဖြစ်ပါတယ်။
(၄) ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးပါစေ။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချစ်ခင်ရင်းနှီးခြင်းဖြင့် ပျော်ရွှင်သောလုပ်ငန်းခွင်ကို ဖန်တီးနိုင်မှာဖြစ်ပြီး ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။
(၅) Indoor သစ်ပင်များ စိုက်ပျိုးပါ။
သစ်ပင်များဟာ လုပ်ငန်းခွင်အတွင်း အမြင်စိမ်းစိုစေတဲ့အပြင် ကျန်းမာစေဖို့လည်း ကူညီနိုင်ပါသေးတယ်။ လေထုကို သန့်စင်ပေးမယ့်အပြင် စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။
(၆) လေကောင်းလေသန့် ရရှိပါစေ။
လုပ်ငန်းခွင်အတွင်း လေထုသန့်စင်ခြင်းဖြင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ပြဿနာများကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
(၇) ဆေးအစိမ်း သုတ်ပါ။
လေ့လာချက်များအရ အလုပ်ခွင်တွင် ဆေးအစိမ်းသုတ်ခြင်းဖြင့် တီထွင်ဉာဏ်ကို ပိုထက်သန်စေတယ်လို့ သိရပါတယ်။ ဆေးအစိမ်း မသုတ်လိုပါက လိုက်ကာအစိမ်းရောင်တပ်ခြင်း၊ ပန်းချီကား အစိမ်းရောင် ချိတ်ဆွဲခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
(၈) အသေးစား ငြင်းခုံမှုများ ရှိပါစေ။
တစ်ခါတလေမှာ စာအုပ်ကြီးအတိုင်း သွားနေခြင်းထက် ငြင်းခုံမှုများ ပြုလုပ်ခြင်းက အိုင်ဒီယာအသစ်တွေ ပိုထွက်စေလို့ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















