/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင်-ထင်မထားတဲ့-ခေါင်းကိုက်စေတဲ့-အချက်-၁၀-ချက်

သင် ထင်မထားတဲ့ ခေါင်းကိုက်စေတဲ့ အချက် (၁၀) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မကြာခဏ ခေါင်းကိုက်နေတတ်သူလား။ နာတာရှည်လို့ ပြောရလောက်အောင် ခေါင်းကိုက်နေတာ ၁၅ ရက်ထက် ကြာရှည်နေပြီလား။ ဘာကြောင့်ပါလိမ့်လို့ တွေးတောအဖြေရှာနေတဲ့ ခေါင်းကိုက်ရောဂါရှင်တွေအတွက် ကိုယ်စိတ်ထဲမှာ တွေးမထားပေမယ့်  ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်း (၁၀) ချက်ကို တင်ပြပေးလိုက်ပါတယ်။

●        စိတ်ညစ်တတ်သူလား။ ဘာမဟုတ်တာလေးနဲ့  တွေးတောစိတ်ညစ်တတ်သူ အလုပ်ကြောင့်၊ အိမ်ကြောင့် လတ်တလာ စိတ်မချမ်းမသာ ဖြစ်ထားသူတွေက ခေါင်းကိုက်လာတတ်ပါတယ်။

●        ကော်ဖီ ကြိုက်သူလား။ ကော်ဖီတစ်ရက်ကို သုံးလေးခွက် သောက်မိနေသူဖြစ်ပါက ခေါင်းကိုက်လာဖို့ အခြေအနေအများဆုံးပါပဲ။ ကော်ဖီထဲက ကဖိန်းဓာတ်က သွေးကြောတွေကို ကျုံ့၀င်စေပါတယ်။ ကော်ဖီ ကြိုးစားဖြတ်ကြည့်ပါ။

●        အိပ်ချိန် မမှန်တာလား။ အိပ်ချင်တဲ့ အချိန်အိပ်၊ ထချင်တဲ့ အချိန်ထ ဆိုရင်တော့ ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ အိပ်စက်ခြင်းစက်၀န်းကို ဖန်တီးမပေးနိုင်သူပါ။ နောက်ဆက်တွဲအနေနဲ့  တချိန်ချိန်မှာ ခေါင်းကိုက်ေ၀ဒနာ စွဲလာဖို့ ရှိပါတယ်။ အချိန်မှန်အိပ် အချိန်မှန်ထခြင်းဖြင့် ခေါင်းကိုက်ရောဂါ ကာကွယ်ပါ။

●        ဟော်မုန်းအပြောင်းအလဲလား။ မီးဖွားပြီးစနဲ့  သွေးဆုံးခါနီးအမျိုးသမီးတွေ၊ ရာသီသွေးလာချိန်နဲ့ မလာမီ ဟော်မုန်းပြောင်းလဲချိန်တွေမှာ ခေါင်းကိုက်တတ်ပါတယ်။ ရေတိုခေါင်းကိုက်ခြင်းဖြစ်ပြီး သူ့ဘာသာ ပျောက်ကင်း သက်သာသွားတတ်ပါတယ်။

●        သနေ္ဓတားဆေးတွေက ခေါင်းကိုက်စေပါတယ်။ ကိုယ်သုံးနေတဲ့ တားဆေးကို တခြားပုံစံတစ်ခုနဲ့  ပြောင်းလို့ရမလား ဆရာ၀န်နဲ့ တိုင်ပင်ကြည့်ပါဦး။

Bio Adult 1

●        ရှားပါးရောဂါတွေဖြစ်တဲ့ ကြွက်သားနုံးချိရောဂါ၊ ကို်ယ်ခံအားလွန်လူးပတ်စ်ရောဂါတွေ၊ ဆီးချိုတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ရောဂါအခံလေးတွေ ရှိမလား ရှာဖွေစစ်ဆေးကြည့်ပါနော်။

●        သွေးအားနည်းရင် ခေါင်းမူးတတ်တယ်လို့ပဲ ယေဘုယျနားလည်ထားကြပါတယ်။ သွေးအားနည်းရင် အာရုံကြောအားနည်းတာပါ တွဲဖက်လာပြီး ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါရစေပါတယ်။ သံဓာတ်နဲ့  အာရုံကြော အားဖြည့်ဗီတာမင်တွေ ပါ၀င်တဲ့ ဖြည့်စွက်ဆေးဝါးတွေ ရွေးချယ်သောက်သုံးပါ။

●        ရေဓာတ် ခန်းခြောက်နေလို့လား။ ရေဓာတ်ချို့တဲ့နေရင် အလိုလို ခေါင်းကိုက်ပါတယ်။ ရေသန့် တစ်ရက်ကို ရှစ်ဖန်ခွက်အပြင် အရည်ရွှမ်းတဲ့ အသီးအနှံဖျော်ရည်တွေ နေ့စဉ်သောက်သုံးကြည့်ပါနော်။

●        ထိပ်ကပ်နာရှိနေရင်၊ မကြာခဏ နှာစေး နှာပိတ်တတ်ရင် ခေါင်းကိုက်ဖို့ အလားအလာ များလာပါပြီ။ နား၊ နှာခေါင်း အထူးကုဆရာ၀န် သေချာပြသပါ။

●        နောက်ဆုံး ဘာနဲ့မှ မသက်သာတဲ့ ခေါင်းကိုက်ရောဂါက ဦးနှောက်အကျိတ်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာဆေးသောက်သောက် မပျောက်တဲ့အပြင် တစ်ရက်ထက်တစ်ရက် ပြင်းထန်လာတဲ့ ရောဂါကို ဦးခေါင်းဓာတ်မှန် ရိုက်ကူး အဖြေရှာဖို့ ဖြစ်လာနိုင်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)

