/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သဘာဝအတိုင်း-ဝဝလှလှဖြစ်စေဖို့

သဘာဝအတိုင်း ဝဝလှလှဖြစ်စေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပိန်လွန်းခြင်းဟာ အမျိုးသားတွေမှာ ၁၄၀% အမျိုးသမီးတွေမှာ ၁၀၀% စောစောသေဆုံးဖို့ အခွင့်အလမ်း များပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ကိုယ်အလေးချိန်ကျဖို့ထက် တိုးဖို့က ပိုခက်ခဲတတ်ပါတယ်။ ကိုယ်အလေးချိန် တိုးနိုင်ဖို့ နည်းလမ်းကောင်း (၈) ခုကို လက်တို့လိုက်ပါတယ်။

 

၈။ ကိုယ်အလေးချိန်၊ အရပ်အချိုးအဆ BMI တိုင်းတာပါ။

          ဒီအချိုးအဆ ၁၈.၅ အောက် ရောက်နေသူတွေကို ပိန်လွန်းသူလို့ သတ်မှတ်ပါတယ်။ ဒါကို တိုင်းတာဖို့ အရပ်မီတာကို ၂ ထပ်တင်ပြီး ရတဲ့အဖြေနဲ့ ကိုယ်အလေးချိန် ကီလိုဂရမ်ကို စားလိုက်ပါ။

          ဒီကိုယ်အလေးချိန်ဟာ အဆီကြောင့်ဖြစ်စေ၊ ကြွက်သားကြောင့်ဖြစ်စေ ၁၈.၅ အောက်ဆိုတာနဲ့ ကိုယ်အလေးချိန်တိုးဖို့ လိုနိုင်ပါတယ်။

 

၇။ ကောင်းကောင်းစားပါ။

          ထမင်းပန်းကန်မှာ ချိစ်၊ ဆော့စ်တွေ ပိုထည့်ပါ။ ကော်ဖီ၊ လက်ဖက်ရည်မှာ အဆီများတဲ့နို့ ထည့်သောက်ပါ။ ပါစတာ၊ ပေါက်မုန့်၊ အစေ့အဆံ၊ အာလူး၊ ထောပတ်၊ အသီးခြောက်တွေ နောက်ထပ် စားချင်နေသေးရင် မစဉ်းစားဘဲ ထပ်စားလိုက်ပါ။ တင်းကားနေအောင် စားပါ။ တစ်နေ့တာ လောင်ကျွမ်းတဲ့အဆီထက်ကို ပိုစားပါ။

 

၆။ ကောင်းကောင်းအိပ်ပါ။

          ကိုယ်အလေးချိန်တိုးဖို့နဲ့ ကြွက်သားတွေ သန်မာစေဖု့ိ အိပ်ရေးဝဝ အိပ်ရပါမယ်။ ညသန်းခေါင်မတိုင်မီ အိပ်ရာဝင်ပြီး အနည်းဆုံး တစ်နေ့ ၈ နာရီ အိပ်ရပါမယ်။ အိပ်နေချိန်မှာ Adrenaline, dopamine, serotonin, melatonin အစရှိတဲ့ ကိုယ်ခန္ဓာတည်ဆောက်ရေး ဟော်မုန်းတွေ ထွက်တာကြောင့် အိပ်ချိန်ပြည့်အောင် အိပ်ပါ။

 

၅။ ပန်းကန်ကြီးကြီးနဲ့ စားပါ။

          လူ့ကိုယ်ခန္ဓာဟာ အင်မတန် ထူးဆန်းတဲ့အရာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ကိုယ်လိုသလို လှည့်ပတ်နိုင်ပါတယ်။ ပိန်ချင်ရင် ပန်းကန်သေးသေးနဲ့ စားရသလို ဝချင်ရင်လည်း ပန်းကန်ကြီးကြီးနဲ့ စားပေးရပါတယ်။ ပန်းကန်ပြားကြီးကြီးထဲမှာ ထည့်ထားတဲ့ အစားအစာတွေဟာ နည်းသယောင် ထင်ရပါတယ်။

 

၄။ အင်အားပြည့်ဝအောင် လုပ်ပါ။

          ကြွက်သားတွေ သန်မာဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ရပါမယ်။ ကယ်လိုရီတွေ ပိုစားတက ကိုယ်အလေးချိန် တက်စေတယ်ဆိုပေမယ့် ဒီကိုယ်အလေးချိန်ကို ဗိုက်အဆီအနေနဲ့ တွေ့ချင်သလား၊ ကြွက်သားအနေနဲ့ တွေ့ချင်သလားဆိုတာ ဒီအပေါ် မူတည်နေပါတယ်။

          တစ်ပတ်ကို ၃ ကြိမ်ထက်ပို လေ့ကျင့်ခန်း မလုပ်ပါနဲ့။ နားနေတဲ့အချိန်မှာ ကြွက်သား တက်လာပါလိမ့်မယ်။

 

၃။ တစ်နေ့ ၃ ကြိမ်ထက် ပိုစားပါ။

          ပိုစားလေလေ ကောင်းလေ ဖြစ်ပါတယ်။ အာဟာရပြည့်ဝတဲ့အစားအစာကို တစ်နေ့ ၃ ကြိမ် စားပေးပြီး ကြားမှာ ကယ်လိုရီပြည့်ဝတဲ့ အစားအစာတွေ စားပေးပါ။ ကစီဓာတ်၊ ပရိုတင်း အသားဓာတ်၊ အဆီဓာတ်တွေ ပြည့်ဝအောင်စားပါ။

 

၂။ မှန်ကန်တဲ့အသားဓာတ်ကို ရွေးချယ်ပါ။

          ပရိုတင်းဟာ တကယ် ကိုယ်အလေးချိန် တက်စေဖို့ အရေးပါ,ပါတယ်။ ပရိုတင်းပြည့်ဝတဲ့ အစားအစာတွေကတော့ -

●        ကြက်သား

●        ငါးရှဥ့်

●        ဝက်သား

●        အမဲအသည်း

●        ကြက်အသည်း

●        ဥ

●        ဆယ်လ်မွန်ငါး

●        တူနာငါး

●        ပြည်ကြီးငါး

●        ဂဏန်း

●        ပုဇွန်

●        နို့

●        ချိစ်

●        Cottage ချိစ်

●        ပဲမျိုးစုံ

●        အစေ့အနှံ

 

၁။ စိတ်ကိုငြိမ်အောင် ထားပါ။

          စိတ် အလွန်ပူပန်နေတဲ့အခါ အာရုံကြောက နှလုံးအခုန် မြန်စေပါတယ်။ လေ့ကျင့်ခန်း လှုပ်လှုပ်ရှားရှား ပြုလုပ်တဲ့အခါမှာလည်း ဒီလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘဝကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ပါ။ ယောဂ ကစားပါ။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။ တရားထိုင်ပါ။

          ဒါတွေအကုန်လုံးက အာရုံကြောကို ထိန်းညှိပေးပြီး ကိုယ်အလေးချိန် တိုးစေပါတယ်။

Dr. Emerald (www.drmyanmar.com)