သလဲသီး၏ ကျန်းမာရေးအတွက် အစွမ်းထက်သော ဂုဏ်သတ္တိများ
1. သလဲသီးမှာ အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်ပါတယ်။
အင်တီအောက်ဆီးဒင့်က ညစ်ညမ်းမှုနဲ့ဆေးလိပ်အငွေ့ကဲ့သို့သော ပတ်ဝန်းကျင်မှထွက်လာတဲ့ အဆိပ်တွေကနေဆဲလ်တွေကို ပျက်စီးစေခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ DNA ပျက်စီးမှုတွေကို ကာကွယ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းတွေပြုလုပ်ရမှာလည်း ကူညီပါတယ်။
သလဲသီးဖျော်ရည်တစ်မျိုးတည်းစားသုံးခြင်းဖြင့် ကင်ဆာမဖြစ်အောင်တားမထားနိုင်သော်လည်း အခြားအာဟာရဓာတ်ပြည့်ဝစွာပါဝင်သော ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေန့ဲအတူ တွဲဖက်စားသုံးနိုင်ပါတယ်။
2. သလဲသီးက ဆီးကျိတ်ကိုကျန်းမာစေပါတယ်။
လေ့လာမှုတစ်ခုအရ သလဲသီးအရည်က ကင်ဆာပြန့်နှံ့မှုကိုဖြစ်စေတဲ့ ဓာတုအချက်ပြမှုတွေကိုအားနည်းစေခြင်းဖြင့် ကင်ဆာဆဲလ်တွေရဲ့လှုပ်ရှားမှုကို တားဆီးနိုင်တယ်လို့တွေ့ရှိရပါတယ်။ သုတေသီတွေကလည်း သလဲသီးဖျော်ရည်က ကင်ဆာဆဲလ်တွေကြီးထွားမှုကိုဖိနှိပ်ထားပြီး ကင်ဆာကုသမှုခံယူနေသူတွေမှာ ကင်ဆာဆဲလ်တွေကို ပိုမိုသေစေနိုင်တယ်လို့ဆိုပါတယ်။
3. သလဲသီးက နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
သလဲသီးအရည်က မကောင်းတဲ့ကိုလက်စထရောလ်ဖြစ်တဲ့ LDL ကိုလျော့နည်းစေပါတယ်။ အခြားလေ့လာမှုတစ်ခုအရ ကြွက်တွေရဲ့အစားအစာထဲမှာ သလဲသီးအရည်ထည့်ပြီး ကျေွးကြည့်တဲ့အခါမှာ သွေးတွင်းအဆီပိတ်မှုကို လျော့ကျစေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့ရာဇဝင်ရှိရင်တော့ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ သလဲသီးကိုထည့်စားသင့်ပါတယ်။
Dr. Mya Myo Myo Swe
















