/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးပေါင်-ကျတာကို-ကာကွယ်ကုသဖို့-နည်းလမ်းများ

သွေးပေါင် ကျတာကို ကာကွယ်ကုသဖို့ နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးပေါင် မကြာခဏ ကျတတ်သူလား။ သွေးချိန်လိုက်တိုင်း သွေးပေါင်ချိန် ၉၀/၆၀ အောက် အမြဲရှိနေတတ်ရင်တော့ သွေးပေါင် ကျတတ်သူတွေထဲမှာ သင် ပါဝင်နေပါပြီ။ သွေးပေါင်ကျတဲ့အခါ ...

●        တရိပ်ရိပ် မူးမယ်။

●        ရင်တုန်တယ်။

●        မျက်လုံး မကြည်ဘူး။

●        မူးဝေ လဲပြိုမယ်။

          နှလုံးဆေးဝါးတွေ သောက်နေသူတွေ ကူးစက်ရောဂါတွေ သွေးဆိပ်တက်ရောဂါ အာရုံကြောရောဂါ၊ ဝမ်းလျှောရောဂါ ခံစားနေရသူတွေမှာ အခန့်မသင့်ရင် သွေးပေါင် ထိုးကျတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ထမင်းစားပြီးတိုင်းတောင် သွေးပေါင်ကျတတ်ပါသတဲ့။

 

>>    သွေးပေါင်ကျတတ်ရင် ဒါလေးတွေ လုပ်ရမယ်ဆိုတာ သတိရပေးနော်။

●        ရေသောက်ပါ။ ရေနှစ်ဖန်ခွက်ခန့် ဝဝသောက်လိုက်ပါ၊ ဘာရောဂါမှမဟုတ်ဘဲ ရေဓာတ် ခန်းခြောက်နေတာ တစ်ခုတည်းနဲ့တင် သွေးပေါင်ကျတတ်လို့ပါ။ အစာ မစားခင် ရေသောက်ပါ။

●        အငန် နည်းနည်း ပိုစားပါ။ ဆားလေးလေး,လေး စားလိုက်ရင်လည်း သွေးပေါင် တည်ငြိမ်လာတတ်ပါတယ်။ ဆားနဲ့ တည့်၊ မတည့် ဆရာဝန်နဲ့ တိုင်ပင်နော်။

●        ထမင်းစားပြီး နှစ်နာရီအတွင်း ကော်ဖီတစ်ခွက်လောက် သောက်လိုက်တာက အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ သွေးပေါင်ကျတာကို ကာကွယ်နိုင်ပါတယ်။

●        နည်းနည်းနဲ့ ခဏစားပါ။ တဝကြီး မစားပါနဲ့၊ မကြာခဏစားပါ။ နည်းနည်းနဲ့ အာဟာရဖြစ်မှာလေးတွေ ရွေးချယ်စားပါ။

●        စားပြီးတိုင်း ခဏအနားယူပါ။ စားပြီး တစ်နာရီအတွင်း ဘယ်မှမသွား၊ မလှုပ်ရှားဘဲ ငြိမ်ငြိမ်လေး နေသင့်ပါတယ်။

●        သွေးပေါင်ကျချင်သလို တရိပ်ရိပ် မူးလာတဲ့အခါ ခြေထောက်မြှင့်ထားတာ၊ ပေါင်ကွေးထိုင်တာ၊ လက်ကောက်ဝတ် ကွေးတာ၊  ခြေမ ကော့တာတွေ လုပ်ကြည့်ပါ။ ခြေထောက်လေးတွေကို ကွေးလိုက်၊ ဆန့်လိုက် လုပ်ကြည့်တာကလည်း ထိရောက်ပါတယ်။

●        ခြေသလုံးနဲ့ ခြေချောင်းလေးတွေအတွက် အထူးထုတ် ခြေစွပ်လေးတွေ သုံးပါ။ ဖိနှိပ်မှုပေး အထူးခြေစွပ် Compression Stockings တွေ မသုံးမီ ဆရာဝန်ကို မေးပါ။

●        အကြာကြီး မတ်တပ်မရပ်ပါနဲ့။ မတတ်သာလို့ ရပ်ရရင်တော့ မကြာခဏ ထိုင်လိုက်၊ ထလိုက် လုပ်ကြည့်လို့ရပါတယ်။

 

>>    သွေးပေါင်ကျတတ်သူတွေအတွက် အာဟာရမှတ်စရာကတော့ -

●        သစ်သီးခြောက်

●        ကြက်သားစွပ်ပြုတ်

●        ဆိတ်စွပ်ပြုတ်

●        ပဲအမျိုးမျိုး

●        သရက်သီး

●        ငှက်ပျောသီး

●        ပန်းသီး

●        စပျစ်သီးတွေ

          ပိုမိုစားသုံးပေးဖို့ လိုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)