အစာအိမ်ကင်ဆာ ဖြစ်ဖို့အလားအလာ
ရောဂါဖြစ်ဖို့ အထောက်အပံ့ပေးတဲ့အချက်တွေဟာ ကင်ဆာရောဂါကို တိုက်ရိုက်ဖြစ်စေနိုင်တာမဟုတ်ပဲ ဖြစ်ဖို့အလားအလာများစေနိုင်တာသာ ဖြစ်ပါတယ်။ အလားအလာအများအပြားရှိသူတစ်ချို့မှာ ကင်ဆာလုံးဝမဖြစ်ပဲ အလားအလာလုံးဝမရှိသူတွေမှာ လာဖြစ်တာကိုလည်း တွေ့ရတတ်ပါတယ်။
Kremil-S 1
>> အစာအိမ်ကင်ဆာဖြစ်ဖို့ အလားအလာများစေနိုင်တဲ့ အချက်များ
1. အသက် : အစာအိမ်ကင်ဆာဟာ အသက်၅၅နှစ်ကျော်သူတွေမှာ အဖြစ်များပါတယ်။ အစာအိမ်ကင်ဆာရောဂါဖြစ်သူအများစုဟာ အသက် ၆၀နဲ့၇၀ဝန်းကျင်တွေပဲ ဖြစ်ပါတယ်။
2. ကျား/မလိင် : အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၂ဆပိုဖြစ်နိုင်ပါတယ်။
3. ဘတ်တီးရီးယားပိုးမျာ : Helicobacter pylori လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးတစ်မျိုးဟာ အစာအိမ်ရောင်ပြီး အနာများဖြစ်စေနိုင်ပါတယ်။ အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာ တစ်ရပ်လည်းဖြစ်တတ်ပါသေးတယ်။ ပိုးရှိမရှိကို စစ်ဆေးကြည့်နိုင်ပြီး ပိုးတွေ့ပါက ပိုးသတ်ဆေးများနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ မိဘမောင်နှမနဲ့ သားသမီးတွေမှာ ပိုးရှိနေတာဖြစ်စေ၊ အစာအိမ်ကင်ဆာ ရောဂါရှိနေတာဖြစ်စေ တစ်ခုခုရှိနေပါက ကိုယ်ခန္ဓာကိုယ်တွင်း ပိုးရှိမရှိစစ်ဆေးကြည့်သင့်ပါတယ်။ အခြားမိသားစုဝင်များကိုလည်း စစ်ဆေးစေပြီး ပိုးတွေ့ပါက စောစီးစွာ ကုသထားသင့်ပါတယ်။
Kremil-S 2
4. မိသားစုရောဂါရာဇဝင်/မျိုးရိုး : မိဘ၊မောင်နှမ၊သားသမီး တို့မှာ အစာအိမ်ကင်ဆာဖြစ်ဖူးပါက ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇအပြောင်းအလဲရောဂါများဖြစ်တဲ့ hereditary diffuse gastric cancer (အစာအိမ် နံရံတစ်လျောက် ကင်ဆာအကျိတ်များဖြစ်သော မျိုးရိုးဗီဇရောဂါ)၊ Lynch syndrome (အစာအိမ်နဲ့အူလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေရှိသော မျိုးရိုးဗီဇရောဂါ)၊ hereditory breast and ovarian cancer (ရင်သားနဲ့သားဥအိမ်ကင်ဆာမျိုးရိုးဗီဇရောဂါ)၊ familial adenomatous polyposis (အူလမ်းကြောင်းတစ်လျောက် အကြိတ်များဖြစ်တတ်သော မျိုးရိုးဗီဇရောဂါ) စတဲ့ရောဂါတွေရှိနေသူတွေမှာ အစာအိမ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။
5. လူမျိုး : အနောက်တိုင်းသားများထက် နီဂရိုးများ၊ စပိန်များနဲ့ အာရှတိုင်းသားတွေမှာ ပိုအဖြစ်များလေ့ ရှိပါတယ်။
6. အစားအသောက် : ဆားအစားများခြင်းဟာလည်း အစာအိမ်ကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အခြောက်လှမ်းခြင်း၊ ကျပ်တိုက်ခြင်း၊ ဆားသိပ်ခြင်းနဲ့ အချဉ်ဖောက်ခြင်း စသည်ဖြင့်ကြာခံရှည်နည်းလမ်းများဖြင့် ပြုပြင်ထားသော အစားအစာများစားသုံးခြင်းဟာလည်း အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ သစ်သီးသစ်ရွက် လတ်လတ်ဆတ်ဆတ်စားသုံးခြင်းက ရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















