အဆစ်တွေ ဒဏ်မဖြစ်စေဖို့
အဆစ်ကလေးတွေဟာ အရွယ်အစား၊ ပုံစံမျိုးစုံနဲ့ ရှိတတ်ပြီး လှုပ်ရှားနိုင်ဖို့ ကူညီပေးပါတယ်။ စဉ်းစားကြည့်ပါ။ တကယ်လို့ အရိုးနှစ်ခုကြား ဆက်ထားတဲ့ အဆစ်ကလေးတွေသာ မရှိခဲ့ရင် လူ့ခန္ဓာကိုယ်ဟာ တောင့်တင်းနေပြီး လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ သူတို့ ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာလည်း နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒဏ်ရာရ အများဆုံးကတော့ ဒူး၊ ပခုံး၊ ခြေကျင်းဝတ်နဲ့ ကျောရိုးဆစ်တွေပဲ ဖြစ်ပါတယ်။
>> အဆစ်ကလေးတွေ အမြဲကျန်းမာနေအောင် ဘယ်လိုထားမလဲ?
သင့်တစ်နေ့တာ လှုပ်ရှားနေတဲ့ပုံက အရေးကြီးဆုံးပါပဲ။ အစားအသောက်၊ လေ့ကျင့်ခန်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကလည်း အရေးပါပါတယ်။ ဒါ့အပြင် ပစ္စည်းတွေကို မတဲ့အခါမှာလည်း သတိထားရပါတယ်။ ပြီးတော့ များများလှုပ်ရှားပေးရပါမယ်။
Alaxan IA (1)
>> ဘယ်လို ဒဏ်ဖြစ်တတ်လဲ?
အဆစ်ပေါ်ကို ပုံမှန်မဟုတ်တဲ့ ဖိအားသက်ရောက်တဲ့အခါမှာ ဒဏ်ဖြစ်သွားတတ်ပါတယ်။ တစ်ချို့အဆစ်တွေက တစ်ခါတည်းနဲ့ အရမ်းဆိုးတဲ့ ဒဏ်ရာရသွားနိုင်ပါတယ်။ ဥပမာ - ခြေကျင်းဝတ်ပါ။ ခြေကျင်းဝတ်ရဲ့ အဆစ်ကို ဘေးနှစ်ဖက်မှာ အရွတ်တွေက သိုင်းထားပါတယ်။ တကယ်လို့ ခြေကျင်းဝတ်က အတွင်းဘက်ကို အရမ်းလည်သွားခဲ့ရင် တစ်ဖက်က အရွတ်က ပြဲပြီး နီရဲရောင်ရမ်း နာကျင်စေပြီး တစ်ခါတလေ အရိုးကျိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။
တခြားအဆစ်တွေကတော့ ခဏခဏ ဖိအားတွေ ခံရပြီးရင် ဒဏ်ဖြစ်လာတတ်ပါတယ်။
>> ခဏခဏ ဒဏ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
● ပစ္စည်းတစ်ခုကို မတဲ့အခါ အကြီးဆုံးကြွက်သားကိုပဲ အသုံးပြုပါ။ ဒါဆိုရင် ကြွက်သားအသေး၊ အဆစ်အသေးပေါ် ဖိအားသက်ရောက်တာ နည်းသွားစေပါတယ်။
● တစ်ခုခု လုပ်တဲ့အခါမှာ ကိုယ်ရဲ့ပုံစံကို အမျိုးမျိုး ပြောင်းပေးပါ။ ပုံစံတစ်မျိုးထဲနဲ့ အကြာကြီး မနေပါနဲ့။ ကြွက်သားတွေကို ပင်ပန်းစေတဲ့အပြင် အဆစ်တွေကိုလည်း ဖိအားအကြာကြီး သက်ရောက်စေပါတယ်။
● အလုပ်လုပ်နေတဲ့အချိန်မှာ အဆစ်တွေကို သဘာဝပုံစံအတိုင်း ထားပြီး အလုပ်လုပ်ပါ။
Alaxan IA (2)
>> အရာဝတ္ထုတွေကို ဘယ်လိုမ မလဲ?
● ကြမ်းပြင်ပေါ်က ပစ္စည်းကိုမရင် ကျောရိုးကို ဖြောင့်ဖြောင့်ထားပြီး ခြေထောက်ကို ကွေးပြီးမပါ။ ခါးကုန်းပြီး မတာ၊ ကျောက ကြွက်သားကို အသုံးပြုပြီး မတာမျိုး မလုပ်ပါနဲ့။
● ပစ္စည်းကို ခန္ဓာကိုယ်နဲ့ ကပ်ထားပါ။
● တံတောင်ဆစ်ကို ကွေးထားပါ။
● ခေါင်းကို မတ်ထားပြီး လည်ပင်းကို မတ်မတ်ထားပါ။
Dr. Htar (www.drmyanmar.com)
















