အပူဒဏ်ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ရောဂါ
အခုဆိုရင် နွေရာသီ စဝင်လာပြီဖြစ်တဲ့အတွက် ရာသီဥတုက ပူတဲ့ဘက်ကို တဖြည်းဖြည်း ပြောင်းလာပါပြီ။ ဒီလို ရာသီဥတု ပြောင်းလဲလာတာဟာ ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်တယ်လို့ သုတေသနတွေကလည်း ဆိုထားပါတယ်။
နာတာရှည် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေထဲမှာ အပူချိန်အပြောင်းအလဲ၊ အမြင့်ပေ အပြောင်းအလဲ၊ လေတိုက်ခံတာ၊ အအေးမိတာတွေ ပါဝင်နေပါတယ်။ တောက်ပတဲ့နေရောင်နဲ့ အစားအစာအချို့ကလည်း ခေါင်းကိုက်စေတဲ့အထဲမှာ ပါပါတယ်။
>> အပူဒဏ်ကြောင့် ခေါင်းကိုက်တယ်ဆိုတာ ...
ရာသီဥတု သိပ်ပူနေချိန်မှာ နားထင်ကနေ တဒိန်းဒိန်းထိုးကိုက်တာပါ။ သွေးဆောင့်တိုးနေသလို ခေါင်းအရမ်းကိုက်လာရင် အပူလွန်ကဲရောဂါတွေဖြစ်ပေါ်ဖို့ အလားအလာရှိနေပါပြီ။ ခန္ဓာကိုယ်ဟာလည်း အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေပြီး ဒုက္ခရောက်တော့မယ့်အနေအထား ရောက်နေတာကို ပြသနေပါတယ်။
>> အပူလွန်ကဲခေါင်းကိုက်ရောဂါမှာ …
● ချွေးမထွက်ဘဲ တစ်ကိုယ်လုံး ပူခြစ်နေမယ်။
● နှလုံးတုန် ရင်ခုန်မယ်။
● အော့အန်မယ်။
● အမြင်တွေ ဝေဝါးလာမယ်။
● တစ်ကိုယ်လုံး ပျော့ခွေလာမယ်။
● ခေါင်းမထူနိုင်အောင်ဖြစ်မယ်။
Bio Adult 1

>> အပူလွန်ကဲခေါင်းကိုက်နဲ့အတူ အပေါ်လက္ခဏာတွေ ခံစားနေရသူကို ဘယ်လိုပြုစုပေးရမလဲ?
● အေးမြတဲ့နေရာကို ရွှေ့ပေးပါ။
● လှဲချအနားယူပါစေ။
● ရေတိုက်ပါ။
● ရေပတ်ဝတ်နဲ့ တစ်ကိုယ်လုံး တိုက်ပါ။
● ရေဝတ်နဲ့ ထွေးထားပါ။
● ရေဝတ်ကို ပူလာတိုင်း လဲလှယ်ပေးပါ။
● ဆေးရုံသို့ ချက်ချင်းပို့ပါ။
အပူလွန်ကဲ ခေါင်းကိုက်ရောဂါဟာ နောက်ဆက်တွဲ အန္တရာယ် အလွန်များပါတယ်။ ခေါင်းမူးလာတာ၊ သတိလစ်တာ၊ တက်တာ၊ ကြွက်သားတွေ ပျော့ခွေလာတာ၊ မောတာတွေ ဖြစ်လာပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေပါတယ်။
ခန္ဓာကိုယ်အပူချိန်ကို ထိထိရောက်ရောက် ချဖို့က အရေးအကြီးဆုံးပါ။ ဒါ့ကြောင့် ရေပတ်ဝတ်တင်ပြီး ဆေးရုံကိုအမြန်ဆုံးပြသကြပါလို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Bio Adult 2

(Zawgyi)
အခုဆိုရင္ ေႏြရာသီ စဝင္လာၿပီျဖစ္တဲ့အတြက္ ရာသီဥတုက ပူတဲ့ဘက္ကို တျဖည္းျဖည္း ေျပာင္းလာပါၿပီ။ ဒီလို ရာသီဥတု ေျပာင္းလဲလာတာဟာ ေခါင္းကိုက္ေစတဲ့ အေၾကာင္းရင္းတစ္ခ်က္ျဖစ္တယ္လို႔ သုေတသနေတြကလည္း ဆိုထားပါတယ္။
နာတာရွည္ ေခါင္းကိုက္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ အပူခ်ိန္အေျပာင္းအလဲ၊ အျမင့္ေပ အေျပာင္းအလဲ၊ ေလတိုက္ခံတာ၊ အေအးမိတာေတြ ပါဝင္ေနပါတယ္။ ေတာက္ပတဲ့ေနေရာင္နဲ႔ အစားအစာအခ်ိဳ႕ကလည္း ေခါင္းကိုက္ေစတဲ့အထဲမွာ ပါပါတယ္။
>> အပူဒဏ္ေၾကာင့္ ေခါင္းကိုက္တယ္ဆိုတာ ...
ရာသီဥတု သိပ္ပူေနခ်ိန္မွာ နားထင္ကေန တဒိန္းဒိန္းထိုးကိုက္တာပါ။ ေသြးေဆာင့္တိုးေနသလို ေခါင္းအရမ္းကိုက္လာရင္ အပူလြန္ကဲေရာဂါေတြျဖစ္ေပၚဖို႔ အလားအလာရွိေနပါၿပီ။ ခႏၶာကိုယ္ဟာလည္း အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနၿပီး ဒုကၡေရာက္ေတာ့မယ့္အေနအထား ေရာက္ေနတာကို ျပသေနပါတယ္။
>> အပူလြန္ကဲေခါင္းကိုက္ေရာဂါမွာ …
● ေခြၽးမထြက္ဘဲ တစ္ကိုယ္လုံး ပူျခစ္ေနမယ္။
● ႏွလုံးတုန္ ရင္ခုန္မယ္။
● ေအာ့အန္မယ္။
● အျမင္ေတြ ေဝဝါးလာမယ္။
● တစ္ကိုယ္လုံး ေပ်ာ့ေခြလာမယ္။
● ေခါင္းမထူႏိုင္ေအာင္ျဖစ္မယ္။
>> အပူလြန္ကဲေခါင္းကိုက္နဲ႔အတူ အေပၚလကၡဏာေတြ ခံစားေနရသူကို ဘယ္လိုျပဳစုေပးရမလဲ?
● ေအးျမတဲ့ေနရာကို ေ႐ႊ႕ေပးပါ။
● လွဲခ်အနားယူပါေစ။
● ေရတိုက္ပါ။
● ေရပတ္ဝတ္နဲ႔ တစ္ကိုယ္လုံး တိုက္ပါ။
● ေရဝတ္နဲ႔ ေထြးထားပါ။
● ေရဝတ္ကို ပူလာတိုင္း လဲလွယ္ေပးပါ။
● ေဆး႐ုံသို႔ ခ်က္ခ်င္းပို႔ပါ။
အပူလြန္ကဲ ေခါင္းကိုက္ေရာဂါဟာ ေနာက္ဆက္တြဲ အႏၲရာယ္ အလြန္မ်ားပါတယ္။ ေခါင္းမူးလာတာ၊ သတိလစ္တာ၊ တက္တာ၊ ႂကြက္သားေတြ ေပ်ာ့ေခြလာတာ၊ ေမာတာေတြ ျဖစ္လာၿပီး အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ေစပါတယ္။
ခႏၶာကိုယ္အပူခ်ိန္ကို ထိထိေရာက္ေရာက္ ခ်ဖို႔က အေရးအႀကီးဆုံးပါ။ ဒါ့ေၾကာင့္ ေရပတ္ဝတ္တင္ၿပီး ေဆး႐ုံကိုအျမန္ဆုံးျပသၾကပါလို႔ တိုက္တြန္းပါတယ္ေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
















