အရိုးနှစ်ခုကြားက အရိုးနုလေး ကျန်းမာစေဖို့ …
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
အရိုးနှစ်ခုကြားမှာရှိတဲ့ အရိုးနုလေးဟာ အဆစ်တွေ လှုပ်ရှားတဲ့အခါ အရိုးနှစ်ခုကြားမှာဖြစ်လာတဲ့ ပွတ်တိုက်မှုကို လျှော့ချပေးခြင်းဖြင့် အဆစ်တွေ ကျန်းမာနေအောင် လုပ်ဆောင်ပေးပါတယ်။
အရိုးနုလေး ကျန်းမာနေရင် အထိုင်အထ၊ လမ်းလျှောက်တာ၊ ထမင်းဟင်းချက်တာ၊ ခေါင်းဖြီးတာ စသဖြင့် နေ့စဥ်သွားလာလှုပ်ရှားမှုတွေကို အဆင်ပြေပြေ ပြုလုပ်နိုင်ပြီးတော့ လေ့ကျင့်ခန်းတွေလည်း အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Jointace 1
အရိုးနုလေးသာ ပျက်စီးယိုယွင်းသွားရင်တော့ အဆစ်နာတာ၊ အဆစ်တောင့်တင်းနေတာတွေကြောင့် ခန္ဓာကိုယ်ဟာ ကောင်းကောင်းမလှုပ်ရှားနိုင်တော့ဘဲ ဘဝအရည်အသွေး ကျဆင်းလာနိုင်ပါတယ်။
Jointace 2
ဒါကြောင့် ဒီအရိုးနုလေး ကျန်းမာနေဖို့အတွက် -
- ကိုယ်အလေးချိန်ထိန်းပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- အရက်နဲ့ ကော်ဖီ အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။
- ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံများကို များများစားသုံးပေးပါ။
- အသားငါးနဲ့ ဥအမျိုးမျိုးကို အသင့်အတင့်သာ စားသုံးပေးပါ။ အထူးသဖြင့် အနီရောင်အသားတွေကို တစ်ပတ်နှစ်ရက်ထက် ပိုမစားဖို့ လိုအပ်ပါတယ်။
















