အရိုးပွလို့ဖြစ်တဲ့ အဆစ်ရောင်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
အရိုးပွတဲ့လက္ခဏာတွေကို သိပါ။ အရိုးပွလို့ အဆစ်ရောင်တဲ့အခါ နှစ်ပတ်ထက် ပိုပြီး ကြာရှည်တတ်ပါတယ်။
● အရိုး ပွ၊ မပွ စစ်ဆေးပါ။
● အရိုးအထူးကုဆရာဝန်ကို ပြသပါ။
● ကယ်လ်ဆီယမ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့ဆေးတွေ သောက်သုံးပါ။
● နာတာမှန်ပေမယ့် ဖြည်းညင်းသက်သာတဲ့ ကိုယ်လက်လှုပ်ရှားမှု အပျော့စားလေးတွေ ပြုလုပ်ပါ။
● မဝပါစေနဲ့၊ အဆီအအိမ့် ရှောင်ပါ။
● ဒူးဆစ်ကို အစွပ်လေး စွပ်ပါ။
● ဆီနွေးနွေးလေးနဲ့ မကြာခဏ နှိပ်နယ်ပေးပါ။
● သက်သောင့်သက်တာရှိတဲ့ အောက်ခင်းပါဖိနပ်ကို ရွေးချယ်ပါ။
>> ကိုယ့်ဘာသာ မေးခွန်းလေးတွေ မေးကြည့်ပါဦး
● ဆရာဝန် ပြောသလို အတိအကျ လိုက်နာရဲ့လား
● ကိုယ်လက်လှုပ်ရှားမှု လုပ်ရဲ့လား
● အဆစ်တွေကို ကာကွယ်ထားရဲ့လား
● ဝိတ်ချရဲ့လား
● အကြော ပြေလျော့နေရဲ့လား
● ဆရာဝန် ညွန်ကြားသလို အရိုးအားဆေးတွေ သောက်သုံးနေရဲ့လား
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















