/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးရှင်းဆုံး-ကျန်းမာအောင်-နေထိုင်နည်း

အရိုးရှင်းဆုံး ကျန်းမာအောင် နေထိုင်နည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●    လိုအပ်သလောက် ကယ်လိုရီပဲ စားပါ။
    ကိုယ် နေ့တိုင်းစားနေတဲ့ ပမာဏဟာ မထင်မှတ်ဘဲ များနေတာမျိုး ဖြစ်တတ်ပါတယ်။ စားနေကျ ကယ်လိုရီ ပမာဏကို ၄ ပုံ ၁ ပုံ လောက်လျော့စားလိုက်တာက အတော်လောက်ပါပဲတဲ့။

●    တစ်နေ့ နာရီဝက် လမ်းလျှောက်ပါ။
    မိနစ် ၃၀ တစ်ခါတည်း မလျှောက်နိုင်သေးရင် ၁၀ မိနစ် တစ်ခါ ၃ ကြိမ်လျှောက်ပါ။ လမ်းလျှောက်တာက အောက်စီဂျင်ကို ဦးနှောက်ထဲ ပိုရောက်စေပါတယ်။ စားထားတဲ့ ကယ်လိုရီတွေကို ကြွက်သားအဖြစ် ပြောင်းပေးတယ်။ အရိုးအဆစ်တွေအတွက်လည်း ကောင်းတဲ့လေ့ကျင့်ခန်း ဖြစ်ပါတယ်။

●    ကျန်းမာရေးကို ပုံမှန် စစ်ဆေးပါ။
    ရောဂါဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်ထားတာက ပိုပြီးထိရောက်ပါတယ်။ တစ်နှစ်တစ်ခါ တစ်ကိုယ်လုံးကို စစ်ဆေးတာမျိုး၊ မကြာမကြာ သွေးပေါင်ချိန်၊ ဆီးချို သွေးချို စစ်တာမျိုးပေါ့။

●    အချိုရည်တွေ၊ သကြားလုံးတွေကို စွန့်လွှတ်လိုက်ပါ။
    ဒါတွေဟာ ကယ်လိုရီပမာဏ အရမ်းများပြီး လိုအပ်တဲ့ အာဟာရတန်ဖိုး ဘာမှမရှိပါတဲ့အပြင် အဝလွန်တာနဲ့ ဆီးချို၊ သွေးချိုတွေ ဖြစ်စေနိုင်ပါတယ်။

●    ဒီအလေ့အကျင့်တွေကို အပေါင်းအသင်းတွေ၊ အသင်းအဖွဲ့တွေနဲ့ အတူ မျှဝေပါ၊ အတူတူ လုပ်ဆောင်ပါ။
    သူငယ်ချင်း တစ်ယောက်နဲ့ ဖြစ်ဖြစ်၊ အပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ် တစ်ပတ်တစ်ခါလောက် တွေ့ဆုံပြီး ကောင်းတဲ့ အလေ့အကျင့်တွေကို မျှဝေတာ၊ အားပေးတာမျိုးတွေဟာ တစ်ယောက်တည်း လုပ်တာထက်စာရင် ပိုပြီး အကျိုးရှိ၊ ပိုပြီးလည်း လုပ်ဖြစ်ပါတယ်။

Htar (www.drmyanmar.com)