အရိုးအဆစ်တွေ သန်မာစေဖို့ ဒီအစားအစာတွေကို များများစားပေးစို့
အရိုးနှင့်ပတ်သက်သော ရောဂါအများစုကို ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ပါဝင်သော အစားအစာတွေကို နေ့စဉ်စားပေးခြင်းဖြင့် လုံလောက်စွာ ကာကွယ်နိုင်တယ်ဆိုတာ သိကြပါသလား။ လေ့လာချက်တွေအရ ဗီတာမင်ဒီ ပြည့်ဝခြင်းဖြင့် အရိုးတွေကို သန်မာစေမယ့်အပြင် စွမ်းအင်ကိုပါ တိုးစေပြီး ကြွက်သားအားနည်းခြင်းကိုပါ သက်သာစေပါတယ်။
Jointace 1
(၁) ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီ ကြွယ်ဝသော အစားများကို စားသုံးပါ
● နို့၊ ချိစ်၊ ဒိန်ချဉ်၊ အစိမ်းရောင်ရှိသောဟင်သီးဟင်းရွက်များ၊ ငါး၊ တိုဖူး၊ အစေ့အဆံနှင့် ပဲအမျိုးမျိုးတို့ဟာ ကယ်လ်စီယမ်ကြွယ်ဝပါတယ်။
● အမဲအသည်း၊ ဒိန်ခဲ၊ ကြက်ဥအနှစ်နဲ့ ဆယ်မွန်ငါးကဲ့သို့ အဆီထူငါးများဟာ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၂) နေရောင်ခြည်အလင်းတန်းတွေကို ခံယူပါ
ဗီတာမင်ဒီဟာ နေရောင်ခြည်ကနေ ရရှိနိုင်လို့ မနက်ခင်းနေရောင်ခြည်ကို တစ်ပတ်လျှင် 3 ရက်၊ တစ်ရက်ကို 10 မိနစ်နဲ့ မနက် 10 နာရီကနေ နေ့လယ် 3 နာရီကြား ခံယူသင့်ပါတယ်။
Jointace 2
(၃) နေ့စဉ်စားသုံးသော ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီပမာဏကို မှတ်သားပါ
အရေးကြီးဆုံးအချက်အဖြစ် တစ်နေ့တာစားသုံးလိုက်တဲ့ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီပမာဏကို မှတ်သားထားပါ။ သင့်အနေနင့် လိုအပ်တဲ့ပမာဏပြည့်အောင် မစားနိုင်ပါက အာဟာရဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
အရိုးတွေ သန်မာကြံ့ခိုင်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အတွက် ဗီတာမင်ဒီနှင့် ကယ်လ်စီယမ်ပါသော အစားအစာတွေကို နေ့စဉ်စားသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















