/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးမိဖျားနာနေချိန်တွင်-စားသင့်သောအစားအစာများနှင့်

အအေးမိဖျားနာနေချိန်တွင် စားသင့်သောအစားအစာများနှင့် ရှောင်သင့်သောအစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဦးစားပေး စားရန်လိုသောအစားအစာ  

လိမေ္မာ်ရည် ဒါမှမဟုတ် လိမေ္မာ်သီးကဲ့သို့ သော ဗီတာမင်စီကြွယ်၀တဲ့အစားအစာတွေကိုစားပေးပါ။  ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အတွက် အဖျားရက်မရှည်စေပါဘူး။  ရောဂါပိုးကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့ သွေးဖြူဥထုတ်ပေးတဲ့  ကိုယ်တွင်းအင်္ဂါကိုအကာအကွယ်ရစေဖို့အတွက် ငါး၊ ကြက်သား၊ ကြက်ဆင်သား၊ အုတ်ဂျုံ ၊ ဌက်ပျောသီးကို စားပေးသင့်ပြီး ရောင်ရမ်းခြင်းဖြစ်စဉ်ကို ဆန့်ကျင်နိုင်ဖို့အတွက် ပန်းသီး၊ ခရမ်းချဉ်သီးဆော့စ်၊ အနီရောင် ဘယ်ရီသီးကို စားပေးသင့်ပါတယ်။ ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်၀နေဖို့လည်းလိုတဲ့အတွက် ရေ၊ သစ်သီးရည်၊ လက်ဖက်စိမ်းလက်ဖက်ရည်တို့ကို သောက်ပေးရမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်းချွဲတွေကင်းစင်သွားအောင် ပူပူနွေးနွေးရှိမယ့် အရည်တစ်မျိုးမျိုး (ဥပမာ-စွပ်ပြုတ်)သောက်ပေးဖို့လိုအပ်ပါတယ်။  

ဖျားနေချိန်မစားသင့်သော အစားအစာ

 ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်စေမယ့်၊ ချွဲထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်မယ့်အစားအစာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။  အရက်၊  ကဖင်းဓာတ်ပါ၀င်တဲ့  ဖျော်ရည်တွေသောက်ခြင်းဟာ ခန္ဓာကိုယ်မှရေဓာတ်တွေ  ဆုံးရှုံးစေနိုင်တဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ သကြားပါ၀င်မှုများသော၊  ဖြူစင်အောင်ဖွပ်ထားတဲ့ဂျုံဖြင့်ပြုလုပ်ထားတဲ့အစားအစာတွေကို  မစားသင့်ပါဘူး။  

ကြက်စွပ်ပြုတ် သောက်ပေးသင့် 

နေမကောင်းဖြစ်နေချိန်မှာ ကြက်စွတ်ပြုတ်သောက်တာက ကိုယ်ခံအားကောင်းစေတဲ့အတွက်ရောဂါပိုးကို တွန်းလှန်တိုက်ထုတ်နိုင်အားတွေတိုးစေပါတယ်။ ကြက်စွပ်ပြုတ်သောက်ခြင်းဖြင့် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ဟန့်တားပေးနိုင်ပြီး ပူပူနွေးနွေးကြက်စွပ်ရည်ကိုသောက်တာကြောင့်  ချွဲ၊  သလိပ်ကိုကြေစေပြီး အခိုးပွင့်စေပါတယ်။

ကြိုတင်ကာကွယ်ရန်လိုအပ်  

လက်ဆေးခြင်းအလေ့အထစွဲမြဲထားမယ်၊ နှာစီးချောင်းဆိုးခြင်းမှ တဆင့်ရောဂါပိုးကူးစက်ခံရခြင်းမှကာကွယ်ဖို့အတွက်  လက်ကိုင်ပုဝါဆောင်တတ်တဲ့အလေ့အကျင့်ထားမယ်၊ နေမကောင်းဖြစ်နေသူထံမှ ရောဂါကူးစက်ခြင်းမရှိအောင် မိမိကိုယ်ကိုအကာအကွယ်ယူမယ်ဆိုပါက အအေးမိဖျားနာဖြစ်ခြင်းကို  ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

www.drmyanmar.com