အအေးမိရင် များများစား၊ အဖျားကြီးတော့ အငတ်ခံတဲ့ ...
ရပ်ထဲရွာထဲမှာ အအေးမိရင် များများစား၊ အဖျားကြီးရင် မစားဘဲ နေရမယ်ဆိုတာကို ကြားဖူးကြသလား?
တကယ်တော့ ဒီစကားဟာ ၁၅၇၄ ခုနှစ်တုန်းက စခဲ့တဲ့ စကားတစ်ခုပါ။ သိပ္ပံပညာ မထွန်းကားခင် အချိန်တုန်းက အအေးမိတယ်ဆိုတာ ကိုယ်အလေးချိန် ကျသွားလို့ ဖြစ်တာဖြစ်တဲ့အတွက် အစာစားပြီး ကိုယ်အလေးချိန်တက်အောင် လုပ်နိုင်သလို ဖျားလာတယ် ဆိုတာကလည်း ကိုယ်အပူချိန် တက်လာတာမို့ မစားဘဲနေခြင်းဖြင့် ကိုယ်အပူချိန်ကို လျှော့ချရမယ်ဆိုပြီး ယူဆခဲ့ကြလို့ ဖြစ်တာပါ။
ဒါပေမဲ့ အခုခေတ်မှာတော့ အအေးမိတာဟာ Norovirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ဖျားတယ်ဆိုတာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ ကြိုးစားတာကြောင့် ဖြစ်တယ်ဆိုတာ သိလာရလု့ိ ဒီဆိုရိုး မမှန်တာကို သိလာကြပါပြီ။
ဒါကြောင့် ပြန်ပြင်ပြောရမယ်ဆိုရင် အအေးမိတဲ့အခါမှာ၊ စားပြီးဖျားတဲ့အခါမှာလည်း စားပေးပါ။
ဒါဆိုရင် ဘာစားရမလဲဆိုတာကလည်း မေးစရာဖြစ်လာပြီနေ်ာ။
ဖျားတယ်ဆိုတာ ရောဂါပိုးကို တိုက်ထုတ်နေတာဖြစ်လို့ ရေများများ သောက်ရမယ်။
တကယ်ဆို ဖျားနေတဲ့အချိန်မျိုးမှာ စားချင်၊ သောက်ချင်စိတ် ပျောက်နေလိမ့်မယ်။ ပုံမှန်လူဆိုရင်တော့ ရက်ပိုင်းလောက် ထမင်းမစားလည်း ခံနိုင်ရည်ရှိပေမယ့် ရေမသောက်ဘဲတော့ နေလို့မရပြန်ဘူး။ နေကောင်းနေတဲ့အချိန်မှာတောင် ရေသောက်ဖု့ိ အရေးကြီးသလို ဖျားနေတဲ့အချိန်ဆို ပိုတောင် လိုသေးတယ်။ ဖျားနေတဲ့အချိန်ဆို ခန္ဓာကိုယ်က ပိုပြီးအလုပ်လုပ်နေရလု့ိ ရေဓာတ် ပိုပြီးခမ်းခြောက်နိုင်တယ်။ အထူးသဖြင့် ဝမ်းလျှောနေတဲ့အခါ၊ အန်နေတဲ့အခါ ရေမသောက်ရင် ပိုပြီးဆိုးလာလိမ့်မယ်။
ဒါပေမဲ့ အားဖြည့်အချိုရည်တွေ၊ ဆိုဒါတွေ၊ ကော်ဖီတွေကိုတော့ ရှောင်ရမယ်။ ဓာတ်ဆားရည်တွေ၊ ရေတွေ သောက်ပေးပါ။ ရေခဲခြစ်တွေလည်း စားချင် စားလို့ရတယ်။ အဓိက,က ရေဓာတ် ပြည့်နေဖို့ပဲ။
ဖျားနာနေတဲ့အချိန် ရေသောက်တာ အကောင်းဆုံးပဲ ဆိုပေမယ့် ရေသောက်ရုံနဲ့တော့ အဖျား ပြန်ကောင်းမယ်လို့ မပြောနိုင်ဘူးနော်။ ကောင်းကောင်း အနားယူပေးပါ။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။ လုံးလုံးကြီး ပြန်ကောင်းစေတာမျိုး မဟုတ်ပေမယ့် နည်းနည်းတော့ သက်သာစေနိုင်တာပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)
















