/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၀မ်းချုပ်တတ်သူတွေ-စမြင်းတုံးခံတဲ့အခါ-ဘာတွေဖြစ်နိုင်လဲ

၀မ်းချုပ်တတ်သူတွေ စမြင်းတုံးခံတဲ့အခါ ဘာတွေဖြစ်နိုင်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြာရှည်ဝမ်းချုပ်တတ်သူတွေ၊ ခွဲစိတ်ကုသမှု ခံယူထားသူတွေ၊ အိပ်ရာထဲက နာတာရှည် လူမမာတွေ၊ ရေသောက်နည်းသူတွေ၊ တချို့ဆေးဝါးတွေ သောက်သုံးနေရသူတွေဟာ ဝမ်းချုပ်မယ့်အန္တရာယ် ရှိနေပါတယ်။

          ဒါပေမဲ့ ဝမ်းချုပ်တဲ့အခါ ခဏပဲချုပ်ပြီး ပြန်သွားတတ်သလို ဝမ်းက အထဲမှာ မာခဲပြီး စမြင်းတုံးအနေနဲ့ တစ်သွား၊ ပိတ်ဆို့သွားတဲ့အခါ ဒီလိုလက္ခဏာလေးတွေ ဖြစ်လာပါတယ်။

●        ဝမ်းအရည်တွေ သွားမယ်။

●        ဗိုက်ထဲမှာ လေပွနေမယ်။

●        ဗိုက် တင်းနေမယ်။

●        ဗိုက် ရစ်နာမယ်။

●        မကြာခဏ ဝမ်းသွားချင်သလိုဖြစ်မယ်။

●        အစာ မစားချင်ဘူး။

●        ပျို့မယ်၊ အန်ချင်မယ်။

          ဒီလို လက္ခဏာတွေရှိတဲ့အခါ ကြာရှည်ဝမ်းချုပ်လာသူတွေမှာ စမြင်းတုံး သို့မဟုတ် ဝမ်းအမာတုံး ပိတ်နေပြီဆိုတာ ပြပါတယ်။

 

>>    စမြင်းပိတ်တဲ့အခါ ဘာတွေလုပ်လို့ရလဲ?

●        ဝမ်းပျော့ဆေးပေး ကုသပါတယ်။ သူ့ဟာသူ ပျော်ဆင်းပြီး ဝမ်းသွားစေတာပါ။

●        ဆရာဝန်က လက်နဲ့ နှိုက်ထုတ်ပါတယ်။ မနာအောင် ချောဆီ တစ်ခုခုသုံးပြီး စအိုကနေ လက်ညှိုးထည့်ကာ နှိုက်ထုတ်ပေးတာပါ။

●        ဝမ်းချူမယ်၊ စအိုထဲကို ဝမ်းပျော့စေမယ့် အရည်ညှစ်ထည့်လိုက်ပြီး ပူပေါင်းလေးကို ညှစ်ထုတ်ကာ အထဲစမြင်းတုံးကို ချောမွေ့ပျော့ဆင်းစေတာပါ။

          စမြင်းတုံးခံတဲ့အခါ ဆရာဝန်က စအိုကို လက်ညှိုးနဲ့ စမ်းသပ်ပါမယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်ကူးကြည့်ပြီး အပေါ်ရောက်သလား၊ အောက်ကနေ ထုတ်လို်ရမလား စမြင်းတုံးခံတာ သေချာလား ကြည့်ပါလိမ့်မယ်။

 

>>    စမြင်းတုံး ခံတဲ့အခါ ...

●        လိပ်ခေါင်း ဖြစ်လာမယ်။

●        စအိုဝ ကွဲနာဖြစ်မယ်။

●        စအို သွေးယိုမယ်။

●        အူနံရံတွေ စုတ်ပြဲနိုင်မယ်။

 

          ဒါကြောင့် ဝမ်းမချုပ်ရေး စမြင်းမခံရေးအတွက် ဒါလေးတွေ လိုက်နာနော်။

●        ရေများများ သောက်ပါ။

●        သဘော်သီး၊ သရက်သီး စသည် အမျှင်ပါသောအသီး စားပါ။

●        ကော်ဖီ၊ လက်ဖက်ရည် လျှော့ပါ။

●        ပေါင်မုန့်၊ ကိတ်မုန့် လျှော့၊ သကြားနဲ့ အချို လျှော့စားပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)