Covid-19 ကူးစက်ခံရသူဦးရေ ကျဆင်းအောင် တောင်ကိုရီးယားက ဘယ်လိုဆောင်ရွက်ချက်တွေ ပြုလုပ်ခဲ့သလဲ
တောင်ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံပိတ်ဆို့မှုတွေ မပြုလုပ်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ကြောင်းကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကို တစ်ကမ္ဘာလုံးမှာ ကျင့်သုံးလို့ ရ၊ မရဆိုတာကိုတော့ ပညာရှင်များက အဖြေရှာနေဆဲဖြစ်ပါတယ်။
(၁) လူအများအပြား ကူးစက်ခြင်းမခံရခင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ
တောင်ကိုးရီးယားနိုင်ငံအနေနဲ့ ဇန်နဝါရီလက ပထမဆုံးကူးစက်သူ တွေ့ရှိပြီးတဲ့နောက်မှာ အစိုးရတွေအနေနဲ့ ဆေးကုမ္ပဏီအသီးသီးနဲ့ တွေ့ဆုံခဲ့ပြီး ရောဂါပိုးစစ်ဆေးမည့် Corona Virus test kits တွေကို အရေးပေါ်ကာလအတွက် ဦးတည်ပြီး အမြန်ဆုံး အမြောက်အများထုတ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
(၂) စောစောစစ်ပါ၊ စိတ်ချရအောင် မကြာခဏ စစ်ပါ
တောင်ကိုရီးယားဟာ အခြားနိုင်ငံများထက်စာရင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများကို ပိုမိုပြုလုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ဆေးပြီးသားသူများကိုလည်း သီးသန့်ထားခြင်း၊ ကူးစက်ခံထားရသူများကို ကုသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စောစောစစ်ခြင်းဖြင့် ပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်ရုံသာမက အမြန်ဆုံးကုသနိုင်မှာ ဖြစ်ပါတယ်။
(၃) ရောဂါကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့သူများကို စစ်ဆေးခြင်း၊ သီးသန့်ထားခြင်း၊ စောင့်ကြည့်ခြင်း
ဒီလိုလုပ်ခြင်းဖြင့် တစ်ဦးနဲ့တစ်ဦး ကူးစက်ခြင်းကို လျင်မြန်စွာ တားဆီးနိုင်မှာဖြစ်ပြီး လူထုအတွင်း ပျံ့နှံ့နှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
(၄) ပြည်သူ့အကူအညီကိုလည်း ရယူပါ
နေ့စဉ်လူများစွာကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့ ပြဿနာကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေထဲက စေတနာ့ဝန်ထမ်း ပြုလုပ်လိုသူများကိုလည်း ရှာဖွေသင့်ပါတယ်။
တီဗီနဲ့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်လည်း mask တပ်ဖို့၊ social distancing နည်းတွေကို လိုက်နာဖို့ကိုလည်း ဆော်သြပြီး ပူးပေါင်းဆောင်ရွက်ခိုင်းနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















