/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covid-19-ရဲ့-လက္ခဏာတွေကို-သက်သာစေမယ့်-အသက်ရှူနည်းစနစ်

Covid-19 ရဲ့ လက္ခဏာတွေကို သက်သာစေမယ့် အသက်ရှူနည်းစနစ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခံစားရတဲ့ လက္ခဏာတွေဟာ အကြောင်းရာများပေါ် မူတည်ပြီး ပြင်းထန်မှုကွာခြားနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းပြဿနာတွေကို အတန်ငယ် သက်သာစေဖို့အတွက် Queen’s Hospital မှာ အရေးပေါ်ကုသမှုဆိုင်ရာ အဖွဲ့ခေါင်းဆောင် Dr. Munshi က အသက်ရှူနည်းစနစ်ကို အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
ဒီနည်းစနစ်ကို အထူးသီးသန့်ခန်းမှာထားပြီး ကုသနေရတဲ့ ICU လူနာတွေကို ပုံမှန်လေ့ကျင့် လုပ်ဆောင်ပေးလျက် ရှိပါတယ်။

>>  ဘယ်လိုစတင်မလဲ?
●  ပထမဆုံးအသက်ကို ပြင်းပြင်းရှူပြီး ၅ စက္ကန့်လောက် ထိန်းထားပါ။ ထိုအတိုင်းငါးကြိမ်ရှူပါ။
●  ခြောက်ကြိမ်မြောက်မှာ ထိုအတိုင်း ရှူသွင်းပြီး ၅ စက္ကန့် ထိန်းထားပြီးတာနဲ့ တစ်ပြိုင်နက် ပါးစပ်ကို ပိတ်ထားပြီး ချောင်းအကျယ်ကြီး ဆိုးလိုက်ပါ။
●  အဆိုပါနည်းကို ထပ်ခါထပ်ခါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
●  နောက်အဆင့်အနေနဲ့ အိပ်ရာပေါ်မှာ မှောက်အိပ်လိုက်ပါ။ သင့်အောက်တွင် ခေါင်းအုံးတစ်လုံး ခံထားပါ။ ထို့နောက် ၁၀ မိနစ်ခန့် အသက်ကို ဖြည်းဖြည်းနဲ့ တဝကြီး ရှူသွင်းပါ။
**  ဒီအဆင့်ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ပက်လက်အိပ်တဲ့အခါမှာ အသက်ရှူလမ်းကြောင်းငယ်လေးတွေကို ပိတ်ဆို့ထားသလို ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ အဆုတ်ရဲ့နေရာအများစုဟာ ကျောအနောက်ဘက်မှာ ရှိတယ်ဆိုတာပါပဲ။

●  ဒါပေမဲ့ ဒီနည်းစဉ်ကို အဆုတ်ပိုးဝင်ခြင်း ဖြစ်ပေါ်နေသူတွေမှာ အသုံးပြုမယ်ဆိုပါက ပိုမိုဆိုးစေပြီး လေအိတ်တွေ ပြားစေရာကနေတစ်ဆင့် နောက်ဆက်တွဲနမိုးနီးယားကိုပါ ဖြစ်စေတတ်ပါတယ်။ သိထားသင့်တာကတော့ အဆုတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများ စတင်ဖြစ်ပေါ်နေပြီဆိုပါက ပိုမိုဆိုးရွားဖို့ပဲရှိပါတယ်။
●  ဒီနည်းစဉ်ကို အသုံးပြုပြီး ပြန်လည်ကောင်းမွန်ထဲ့တဲ့ နာမည်ကျော်စာရေးဆရာမတစ်ဦးဖြစ်တဲ့ ဟယ်ရီပေါ်တာ ရေးသားသူ J.K Rowling ကတော့ သူမဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က Covid-19 လက္ခဏာတွေ အကုန်ခံစားခဲ့ရသူတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာ အတော်လေး ပြန်လည်သက်သာနေပါပြီ။ ဒီအသက်ရှူနည်းစနစ်ကလည်း သက်သာဖို့ ကောင်းစွာအကူအညီ ပေးခဲ့တယ်ဆိုတာကို ဖော်ပြခဲ့ပါသေးတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)