အရိုးတွေ သန်မာစေဖို့ နည်းလမ်း (၈) သွယ်
(Zawgyi)
ႀကီးႀကီးတစ္ေယာက္ ေရခ်ိဳးခန္းကအထြက္ ေခ်ာခနဲျဖစ္ၿပီး ဖင္ထိုင္လ်က္ လဲသြားပါေရာ။
ဂြၽတ္ ... ဟာ သြားၿပီ။ တင္ပါးနားက ဆစ္ခနဲ၊ လက္ေထာက္လိုက္တဲ့ လက္ေကာက္ဝတ္က ဆစ္ခနဲ။
အမ်ိဳးသမီး ၃ ေယာက္မွာ ၁ ေယာက္ေလာက္ဟာ တစ္သက္တာမွာ အ႐ိုးတစ္ခါေတာ့ က်ိဳးတတ္ၾကတယ္လို႔ ဆိုပါတယ္။ ကံေကာင္းတာက အ႐ိုးပြေရာဂါဟာ ကာကြယ္လို႔ ရပါတယ္။ ဒီနည္းလမ္းေလးေတြကို ၾကည့္ၾကည့္ၾကရေအာင္ေနာ္။
၁။ ကယ္လ္ဆီယမ္ႂကြယ္ဝတဲ့ အစားအေသာက္ေတြကို စားေပးပါ။
ကယ္လ္ဆီယမ္ဟာ အ႐ိုးကို သန္မာေစၿပီး အ႐ိုးတည္ေဆာက္ေရးျဖစ္စဥ္ကို သမမွ်တေအာင္ ထိန္းညႇိေပးပါတယ္။ အသက္ ၁၉ ႏွစ္နဲ႔ ၅၀ ၾကားဆိုရင္ ေန႔စဥ္ကယ္လ္ဆီယမ္ ၁၀၀၀ မီလီဂရမ္နဲ႔ အသက္ ၅၀ ေက်ာ္ေတြမွာ တစ္ေန႔ ၁၂၀၀ မီလီဂရမ္ စားေပးဖို႔ လိုပါတယ္။ တစ္ေန႔ကို ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း ၃ ခြက္ကေန ၄ ခြက္ (၁ ခြက္ဆိုတာ ႏို႔ ၂၅၀ မီလီလီတာ၊ ဒိန္ခ်ဥ္ ၁၇၅ မီလီလီတာ) ေလာက္ စားေပးႏိုင္ပါတယ္။ အယ္မြန္ေစ့ ေလွာ္ကလည္း ကယ္လ္ဆီယမ္ဓာတ္ ႂကြယ္ဝပါတယ္။
၂။ ဗီတာမင္ D ကိုလည္း မေမ့နဲ႔ဦးေနာ္။
ကယ္လ္ဆီယမ္ဓာတ္ကို စုပ္ယူဖို႔ ဗီတာမင္ D က အေရးႀကီးပါတယ္။ တစ္ေန႔ကို ေနေရာင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ေလာက္ ထိေတြ႕ေပး႐ံုနဲ႔ ဗီတာမင္ D ျပည့္ဝႏိုင္ပါတယ္။ ဒီလို ေနေရာင္ မထိေတြ႕ႏိုင္ဘူးဆိုရင္ ဗီတာမင္ D ႂကြယ္ဝတဲ့ အစားအေသာက္ေတြ စားေပးဖို႔ လိုပါတယ္။ ဥပမာ - ႏို႔ (၄ ခြက္မွာ ဗီတာမင္ D ၄၀၀ IU) ေသာက္ေပးတာမ်ိဳးေပါ့။ မာဂ်ရင္းေထာပတ္တို႔ တခ်ိဳ႕ပဲႏို႔ေတြနဲ႔ လိေမၼာ္ရည္ေတြမွာလည္း ဗီတာမင္ D ျဖည့္စြက္ ထားတတ္ပါတယ္။ အသက္ ၅၀ ေအာက္ဆို ဗီတာမင္ D တစ္ေန႔ ၄၀၀ ကေန ၁၀၀၀ IU၊ အသက္ ၅၀ အထက္မွာ တစ္ေန႔ ၈၀၀ ကေန ၂၀၀၀ IU ရရွိဖို႔ လိုပါတယ္။
၃။ အားေဆးေတြ ေသာက္ေပးပါ။
က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြကေနတစ္ဆင့္ လိုအပ္တဲ့ အာဟာရဓာတ္ကို ရယူတာ အေကာင္းဆံုးပါပဲ။ ဒါေပမဲ့ တစ္ခါတေလ လံုေလာက္ေအာင္ မစားေသာက္ႏိုင္တဲ့အခါ ကယ္လ္ဆီယမ္တို႔၊ ဗီတာမင္ Dတို႔အားေဆးေတြ ေသာက္ေပးဖို႔ လိုႏိုင္ပါတယ္။ ဘာေဆးေတြ ေသာက္ရမယ္ဆိုတာကေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ပါ။
၄။ လႈပ္ရွားပါ။
ကိုယ္လက္လႈပ္ရွားမႈဟာ အ႐ိုးတည္ေဆာက္မႈကို အားေပးၿပီး အ႐ိုးေတြကိုခိုင္မာေစ ႏိုင္ပါသတဲ့။ ႂကြက္သားတည္ေဆာက္မႈေတြ၊ ကိုယ္ဟန္ထိန္းႏိုင္မႈေတြကိုလည္း အားေပးတာေၾကာင့္ အ႐ိုးက်ိဳးႏိုင္ေျခကိုလည္း နည္းေစႏိုင္ပါတယ္။ အ႐ိုးက်ိဳးျခင္းကို ကာကြယ္ဖို႔ အေကာင္းဆံုး ေလ့က်င့္ခန္းေတြကေတာ့ လမ္းေလ်ာက္တာ၊ ေျပးတာ၊ ကခုန္တာ၊ တင္းနစ္ေဆာ့တာ၊ အေလးမတာ စတာေတြပါပဲ။ တကယ္ထိေရာက္ေအာင္ဆိုရင္ တစ္ေန႔က မိနစ္ ၃၀ ကေန မိနစ္ ၆၀၊ တစ္ပတ္ကို ၃ ရက္ကေန ၅ ရက္ေလာက္ ေလ့က်င့္ခန္း ျပဳလုပ္ဖို႔ လိုႏိုင္ပါတယ္။
Ultra D3 1
၅။ ကဖိန္းနဲ႔ အရက္အလြန္အကြၽံေသာက္သံုးျခင္းကို ေရွာင္ၾကဥ္ပါ။
ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔၊ ကိုလာတို႔မွာပါတဲ့ ကဖိန္းဓာတ္ဟာ ဆီးထဲကေန ကယ္လ္ဆီယမ္ ဆံုး႐ႈံးမႈကိုမ်ားေစႏိုင္ပါတယ္။ တစ္ေန႔ေကာ္ဖီ ၄ ခြက္ထက္ ပိုၿပီး ေသာက္တတ္ရင္ အနည္းဆံုးေတာ့ ေကာ္ဖီေသာက္သေလာက္ကို ႏို႔လိုက္ေသာက္ဖို႔ လိုပါတယ္။ အရက္ အလြန္အကြၽံေသာက္သံုးျခင္းဟာလည္း အ႐ိုးသိပ္သည္းဆကို နည္းေစၿပီး အ႐ိုးက်ိဳးႏႈန္းကိုလည္း မ်ားေစႏိုင္ပါတယ္။ အရက္ကို မွန္မွန္ေသာက္ေနမယ္ဆိုရင္ (တစ္ေန႔ကို ၂ ခြက္ထက္ပိုၿပီး ေသာက္တတ္ရင္) အ႐ိုးက်ိဳးဖို႔ မ်ားေနၿပီေပါ့။
၆။ ဆားစားႏႈန္းကို ေလွ်ာ့ပါ။
ေလ့လာမႈေတြအရ ဆားအစားမ်ားျခင္းေၾကာင့္ ဆီးထဲ ကယ္လ္ဆီယမ္စြန္႔ပစ္ႏႈန္း မ်ားေစႏိုင္ၿပီးေတာ့ အ႐ိုးသိပ္သည္းဆကို က်ေစႏိုင္ပါတယ္။ အထူးသျဖင့္ ျပဳျပင္ထားတဲ့ အစားအေသာက္ေတြ (ဥပမာ - ဘာဂါ) မွာပါတဲ့ ဆားပါ၀င္မႈ မ်ားပါတယ္။ ဒါေၾကာင့္ျပဳျပင္ထားတဲ့ အသင့္စား အစားအေသာက္ေတြကို တတ္ႏိုင္သေလာက္ ေလွ်ာ့စားေပးပါ။ ဆားကို ေလွ်ာ့စားၿပီးေတာ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို တတ္ႏိုင္သေလာက္ ခတ္စားေပးပါ။
၇။ ေဆးလိပ္ျဖတ္ပါ။
ေဆးလိပ္ေသာက္ျခင္းက အ႐ိုးပြႏႈန္းကို ပိုမ်ားေစႏိုင္ပါတယ္။ ေလ့လာမႈေတြမွာ ေဟာ္မုန္းေတြကို ေျပာင္းလဲေစႏိုင္တာေၾကာင့္ ကယ္လ္ဆီယမ္စုပ္ယူမႈကို ေလ်ာ့နည္းေစႏိုင္ပါတယ္။
၈။ ေဆးေတြကို သတိထားပါ။
တခ်ိဳ႕ေဆးေတြက ကယ္လ္ဆီယမ္ စုပ္ယူမႈကို ေလ်ာ့နည္းေစႏိုင္ၿပီး တခ်ိဳ႕ေဆးေတြက်ေတာ့ ကယ္လ္ဆီယမ္ စုပ္ယူမႈကို ပိုေကာင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္ေဆးက ကယ္လ္ဆီယမ္ စုပ္ယူမႈမွာ ဘယ္လိုသက္ေရာက္မ ႈရွိတယ္ဆိုတာကို သိထားဖို႔ လိုပါတယ္ေနာ္။
Ultra D3 2
(Unicode)
ကြီးကြီးတစ်ယောက် ရေချိုးခန်းကအထွက် ချောခနဲဖြစ်ပြီး ဖင်ထိုင်လျက် လဲသွားပါရော။
ဂျွတ် ... ဟာ သွားပြီ။ တင်ပါးနားက ဆစ်ခနဲ၊ လက်ထောက်လိုက်တဲ့ လက်ကောက်ဝတ်က ဆစ်ခနဲ။
အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်လောက်ဟာ တစ်သက်တာမှာ အရိုးတစ်ခါတော့ ကျိုးတတ်ကြတယ်လို့ ဆိုပါတယ်။ ကံကောင်းတာက အရိုးပွရောဂါဟာ ကာကွယ်လို့ ရပါတယ်။ ဒီနည်းလမ်းလေးတွေကို ကြည့်ကြည့်ကြရအောင်နော်။
၁။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။
ကယ်လ်ဆီယမ်ဟာ အရိုးကို သန်မာစေပြီး အရိုးတည်ဆောက်ရေးဖြစ်စဉ်ကို သမမျှတအောင် ထိန်းညှိပေးပါတယ်။ အသက် ၁၉ နှစ်နဲ့ ၅၀ ကြားဆိုရင် နေ့စဉ်ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်နဲ့ အသက် ၅၀ ကျော်တွေမှာ တစ်နေ့ ၁၂၀၀ မီလီဂရမ် စားပေးဖို့ လိုပါတယ်။ တစ်နေ့ကို နို့နဲ့ နို့ထွက်ပစ္စည်း ၃ ခွက်ကနေ ၄ ခွက် (၁ ခွက်ဆိုတာ နို့ ၂၅၀ မီလီလီတာ၊ ဒိန်ချဉ် ၁၇၅ မီလီလီတာ) လောက် စားပေးနိုင်ပါတယ်။ အယ်မွန်စေ့ လှော်ကလည်း ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။
၂။ ဗီတာမင် D ကိုလည်း မမေ့နဲ့ဦးနော်။
ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူဖို့ ဗီတာမင် D က အရေးကြီးပါတယ်။ တစ်နေ့ကို နေရောင် ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ထိတွေ့ပေးရုံနဲ့ ဗီတာမင် D ပြည့်ဝနိုင်ပါတယ်။ ဒီလို နေရောင် မထိတွေ့နိုင်ဘူးဆိုရင် ဗီတာမင် D ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။ ဥပမာ - နို့ (၄ ခွက်မှာ ဗီတာမင် D ၄၀၀ IU) သောက်ပေးတာမျိုးပေါ့။ မာဂျရင်းထောပတ်တို့ တချို့ပဲနို့တွေနဲ့ လိမ္မော်ရည်တွေမှာလည်း ဗီတာမင် D ဖြည့်စွက် ထားတတ်ပါတယ်။ အသက် ၅၀ အောက်ဆို ဗီတာမင် D တစ်နေ့ ၄၀၀ ကနေ ၁၀၀၀ IU၊ အသက် ၅၀ အထက်မှာ တစ်နေ့ ၈၀၀ ကနေ ၂၀၀၀ IU ရရှိဖို့ လိုပါတယ်။
၃။ အားဆေးတွေ သောက်ပေးပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကနေတစ်ဆင့် လိုအပ်တဲ့ အာဟာရဓာတ်ကို ရယူတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တစ်ခါတလေ လုံလောက်အောင် မစားသောက်နိုင်တဲ့အခါ ကယ်လ်ဆီယမ်တို့၊ ဗီတာမင် Dတို့အားဆေးတွေ သောက်ပေးဖို့ လိုနိုင်ပါတယ်။ ဘာဆေးတွေ သောက်ရမယ်ဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
၄။ လှုပ်ရှားပါ။
ကိုယ်လက်လှုပ်ရှားမှုဟာ အရိုးတည်ဆောက်မှုကို အားပေးပြီး အရိုးတွေကိုခိုင်မာစေ နိုင်ပါသတဲ့။ ကြွက်သားတည်ဆောက်မှုတွေ၊ ကိုယ်ဟန်ထိန်းနိုင်မှုတွေကိုလည်း အားပေးတာကြောင့် အရိုးကျိုးနိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။ အရိုးကျိုးခြင်းကို ကာကွယ်ဖို့ အကောင်းဆုံး လေ့ကျင့်ခန်းတွေကတော့ လမ်းလျောက်တာ၊ ပြေးတာ၊ ကခုန်တာ၊ တင်းနစ်ဆော့တာ၊ အလေးမတာ စတာတွေပါပဲ။ တကယ်ထိရောက်အောင်ဆိုရင် တစ်နေ့က မိနစ် ၃၀ ကနေ မိနစ် ၆၀၊ တစ်ပတ်ကို ၃ ရက်ကနေ ၅ ရက်လောက် လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုနိုင်ပါတယ်။
၅။ ကဖိန်းနဲ့ အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
ကော်ဖီတို့၊ လက်ဖက်ရည်တို့၊ ကိုလာတို့မှာပါတဲ့ ကဖိန်းဓာတ်ဟာ ဆီးထဲကနေ ကယ်လ်ဆီယမ် ဆုံးရှုံးမှုကိုများစေနိုင်ပါတယ်။ တစ်နေ့ကော်ဖီ ၄ ခွက်ထက် ပိုပြီး သောက်တတ်ရင် အနည်းဆုံးတော့ ကော်ဖီသောက်သလောက်ကို နို့လိုက်သောက်ဖို့ လိုပါတယ်။ အရက် အလွန်အကျွံသောက်သုံးခြင်းဟာလည်း အရိုးသိပ်သည်းဆကို နည်းစေပြီး အရိုးကျိုးနှုန်းကိုလည်း များစေနိုင်ပါတယ်။ အရက်ကို မှန်မှန်သောက်နေမယ်ဆိုရင် (တစ်နေ့ကို ၂ ခွက်ထက်ပိုပြီး သောက်တတ်ရင်) အရိုးကျိုးဖို့ များနေပြီပေါ့။
၆။ ဆားစားနှုန်းကို လျှော့ပါ။
လေ့လာမှုတွေအရ ဆားအစားများခြင်းကြောင့် ဆီးထဲ ကယ်လ်ဆီယမ်စွန့်ပစ်နှုန်း များစေနိုင်ပြီးတော့ အရိုးသိပ်သည်းဆကို ကျစေနိုင်ပါတယ်။ အထူးသဖြင့် ပြုပြင်ထားတဲ့ အစားအသောက်တွေ (ဥပမာ - ဘာဂါ) မှာပါတဲ့ ဆားပါဝင်မှု များပါတယ်။ ဒါကြောင့်ပြုပြင်ထားတဲ့ အသင့်စား အစားအသောက်တွေကို တတ်နိုင်သလောက် လျှော့စားပေးပါ။ ဆားကို လျှော့စားပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို တတ်နိုင်သလောက် ခတ်စားပေးပါ။
၇။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက အရိုးပွနှုန်းကို ပိုများစေနိုင်ပါတယ်။ လေ့လာမှုတွေမှာ ဟော်မုန်းတွေကို ပြောင်းလဲစေနိုင်တာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကို လျော့နည်းစေနိုင်ပါတယ်။
၈။ ဆေးတွေကို သတိထားပါ။
တချို့ဆေးတွေက ကယ်လ်ဆီယမ် စုပ်ယူမှုကို လျော့နည်းစေနိုင်ပြီး တချို့ဆေးတွေကျတော့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်ဆေးက ကယ်လ်ဆီယမ် စုပ်ယူမှုမှာ ဘယ်လိုသက်ရောက်မ ှုရှိတယ်ဆိုတာကို သိထားဖို့ လိုပါတယ်နော်။
















