အိုမင်းရင့်ရော်ခြင်းမှ ကင်းေ၀းစေမယ့် နည်းလမ်း ၉ သွယ်
မည်သူတစ်ဦးတစ်ယောက်မှ အိုမင်းရင့်ရော်ခြင်းကို မလိုလားကြပါဘူး။ ဒါကြောင့် ဖော်ပြပါ အကြံပြုချက်လေးတွေကို လေ့လာမှတ်သားပြီး အရွယ်တင်နုပျိုမှုနဲ့အတူ ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြည့်ရအောင်။
(1) အပြည့်အ၀အနားယူပါ
နေ့စဉ်ရက်ဆက် အိပ်ချိန်နည်းလာသူတစ်ဦးအနေနဲ့ စိတ်မကြည်လင်ခြင်း၊ လုပ်ငန်းတာ၀န်များကို သွက်လက်တက်ကြွစွာ စွမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့အပြင် အခြားကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ သွေးဖိအားမြင့်တက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ညတာမှာ ၇ နာရီ (သို့) ၈ နာရီအိပ်စက်အနားယူသင့်ပါတယ်။
(2) အချိုဓာတ်လျှော့စားပါ
သကြားပါ၀င်မှုများတဲ့ အစားအစာတွေစားသုံးခြင်းဟာ အရေပြားကို တင်းရင်းစေပြီး ကျုံ့ဆန့်နိုင်စွမ်းရှိတဲ့ ကော်လဂျင်ကို ပျက်စီးစေတာကြောင့် အသားအရေမကြည်လင်ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားဓာတ်ကဲတဲ့ အစားအစာတွေကိုလျှော့စားပြီး အိုမင်းခြင်းမှကာကွယ်ပါ။
(3) စိတ်ဖိစီးမှုလျှော့ချပါ
စိတ်ဖိစီးမှုများနေတဲ့သူတစ်ယောက်ဟာ အရာရာကို ပြတ်သားစွာဆုံးဖြတ်နိုင်စွမ်း မရှိတော့တဲ့အပြင် သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ လျော့သွားတတ်ပါတယ်။ ဒါ့အပြင် စိတ်ထောင်းကိုယ်ကြေဆိုသလို အလိုအလျောက် အိုမင်းမှုကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဒဏ်မှ ကင်းေ၀းအောင် အသက်ရှူလေ့ကျင့်ခန်းကို နေ့စဉ်မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
(4) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုဖြစ်ခြင်း၊ အမျုးိအစား(၂)ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်တဲ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်းမှလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင်သွေးလည်ပတ်မှုကောင်းပြီး အစဉ်အမြဲ ရွှင်လန်းတက်ကြွစေတာကြောင့် အိုမင်းမှုကိုလည်း ဟန့်တားပေးပါတယ်။ ဒါကြောင့် နေ့စဉ် ၂၀ (သို့) ၂၅ မိနစ်လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေမယ့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်းအစရှိတဲ့ သွက်လက်တက်ကြွစေမယ့် လှုပ်ရှားမှုမျိုးကို ဆောင်ရွက်သင့်ပါတယ်။
(5) အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပါ
ကျယ်လောင်စူးရှတဲ့ အသံတွေကြောင့် အကြားအာရုံဆုံးရှုံးစေနိုင်တဲ့အပြင် အိုမင်းမှုကိုပါဖြစ် စေနိုင်ပါတယ်။ အကြားအာရုံချို့တဲ့သွားတဲ့အခါ မိသားစု၊ သူငယ်ချင်းတွေရဲ့ စကားသံတွေကို အားစိုက်နားထောင်ရခြင်း၊ အပေါင်းအသင်းများကြားမှာ သီးသန့်ဖြစ်နေခြင်းစတာတွေဟာ စိတ်ထိခိုက်မှုကိုပါ ဖြစ်စေပြီးသွက်လက်တက်ကြွမှုလည်း မရှိစေနိုင်တော့ပါဘူး။ အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်ဖို့ နားကြပ်နဲ့ တေးသီချင်းတွေ နားထောင်တဲ့အခါ volume ကို အဆုံးထိမြှင့် ထားခြင်း၊ မြက်ရိတ်စက်၊ hair dryer တို့မှ အသံတွေ ကြာရှည်စွာနားထောင်ခြင်းမှ ရှောင်ကြဉ်ပါ။
(6) အပေါင်းအဖော်တွေနဲ့ မိသားစု၀င်တွေအတွက် အချိန်ပေးပါ
သူငယ်ချင်းတွေနဲ့ ဘ၀လက်တွဲဖော်က သင့်ကိုအရွယ်တင်နုပျိုစေနိုင်ပါတယ်။ ဒါ့အပြင် နွေးထွေးတဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့သူတွေမှာလည်း စိတ်ဓာတ်ကျခြင်း၊ အ၀လွန်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲအလုပ် များများသူငယ်ချင်းတွေ၊ မိသားစု၀င်တွေနဲ့ မိမိလက်တွဲဖော်အတွက် အချိန်ပေးသင့်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း၀င်ဆံ့ခြင်းဟာ စိတ်ကိုအမြဲတမ်းနုပျိုနေစေပြီး အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပါတယ်။
(7) အသီးအနှံများစားပါ
အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာသင့်ကို ငယ်ရွယ်နုပျိုစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်နဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းများကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့အပြင် ကင်ဆာဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းမှလည်း တားဆီပေးပါတယ်။
(8) အစားအစာများကိုရွေးချယ်စားသုံးပါ
အိုမီဂါ 3 ဖက်တီးအက်ဆစ်ပါ၀င်တဲ့ ငါး၊ အခွံမာသီး၊ သံလွင်ဆီတို့ကို စားသုံးပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တဲ့အပြင် အရိုးတွေကိုလည်းသန်မာစေကာ နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရောတွေကိုတိုးလာစေပါတယ်။
(9) အိမ်ထောင်ဖက်နှင့် ချစ်တင်းနှောပါ
အိမ်ထောင်ရေးသုခ အပြည့်အ၀ရရှိခြင်းဟာလည်း အမြဲတမ်းရွှင်လန်းတက်ကြွနေစေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ စိတ်ဖိစီးမှုဒဏ်တွေမှ ကင်းေ၀းစေပါတယ်။ အိမ်ထောင်ဖက်နဲ့ ကြည်နူးဖွယ်ရာအချိန်လေးတွေ ဖန်တီးပြီး စိတ်ပျော်ရွှင်မှုနဲ့ အရွယ်တင်နုပျိုမှုကိုပါရယူပါ။
CMS