အသက် 50 အရွယ်မှာ နှလုံးကျန်းမာရေးအတွက် ပြုလုပ်သင့်သောအရာများ
1. လေ့ကျင့်ခန်းလုပ်ပါ
အသက်ငါးဆယ်အရွယ်မှာ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ကိုဟန်ချက်ညီမျှစေပါတယ်။ လမ်းလျှောက်တာနဲ့၊ ရေကူးတာနဲ့၊ တိုက်ချိကစားတာတွေဟာ သွေးပေါင်ကိုကျစေပြီး ကိုယ်လက်စထရော ပမာဏကို ချပေးနိုင်တာကြောင့် နှလုံးကိုကျန်းမာစေပါတယ်။ ဒါကြောင့် တစ်ကြိမ်မှာ မိနစ် 30 နဲ့ တစ်ပတ်မှာ ငါးကြိမ်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။
2. အစာအာဟာရ ပြည့်၀အောင်စားသုံးပါ
အသက်ရွယ်ကြီးလာချိန်မှာ အရင်ကလို များများစားစားမစားနိုင်တော့ပါဘူး။ ဒါကြောင့် စားသမျှ အစားအစာတိုင်းမှာ အာဟာရပြည့်၀နေစေဖို့ အရေးကြီးပါတယ်။ နှလုံးကျန်းမာရေးအတွက် Omega 3 ပါ၀င်တဲ့ အစားအစာများ၊ အငန်ဓာတ်လျော့သော အစားအစာများ၊ ချောကလက်စစ်စစ် (Dark Chocolate) စတာတွေကို စားသုံးပေးပါ။ Omega 3 ပါ၀င်တဲ့ငါးနဲ့ ချောကလက်စတာတွေဟာ သွေးပေါင်ချိန်ကိုကျစေပြီး သွေးခဲခြင်းကို တားဆီးပေးတာကြောင့် နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
3. ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ
အသက် ၅၀ အရွယ်ရောက်လာတာနဲ့ သွေးထဲရှိ ကိုလက်စထရောပမာဏနဲ့ နှလုံး စစ်ဆေးခြင်းစတာတွေကို ပုံမှန်လုပ်ဆောင်ပေးပါ။ ရောဂါလက္ခဏာတစ်ခုခုတွေ့ပါက ဆရာ၀န်န့ဲ ချက်ချင်း တိုင်ပင်ကုသပါ။
4. ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ကို တစ်နှစ်လောက်သောက်သုံးပါက နှလုံးရောဂါဖြစ်နိုင်ချေ 50 ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့်လည်း ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံရှူ ရှိုက်ရသူတွေဟာ ဆေးလိပ် သောက်သူတွေနည်းတူပဲ နှလုံးရောဂါဖြစ်နိုင်ချေများတာကိုတွေ့ရပါ တယ်။ နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ ဆေးလိပ်ကိုအမြန်ဆုံးဖြတ်ပစ်ပါ။
5. ချစ်တင်းနှောပါ
ချစ်တင်းနှောတာကြောင့် သွေးပေါင်ကိုကျစေပြီး နှလုံးရောဂါကို ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
6. ၀ိုင်နီသောက်ပါ
၀ိုင်နီမှာ အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်၀စွာပါ၀င်တာကြောင့် အ၀လွန်ခြင်းနဲ့ ဆီးချိုရောဂါ များ ဖြစ်ပွားနှုန်းကို လျှော့ချပေးပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် နေ့စဉ် ၀ိုင်နီ တစ်ခွက်လောက် ပုံမှန်သောက်ပေးသင့်ပါတယ်။
Dr. Htet Htet Aung