/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကိုဗစ်ကြောင့်-ရာသီစက်ဝန်းပြောင်းလဲမှုများ-ကြုံတွေ့ရနိုင်သလား

ကိုဗစ်ကြောင့် ရာသီစက်ဝန်းပြောင်းလဲမှုများ ကြုံတွေ့ရနိုင်သလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကိုဗစ်ကာလတစ်လျှောက် စစ်တမ်းများနင့် လေ့လာချက်တွေအရ ကိုဗစ်ကြောင့် အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို ပြောင်းလဲမှုအနည်းငယ် ဖြစ်ပေါ်နိုင်တယ်လို့ သိရှိရပါတယ်။

>>  တွေ့ရှိရတဲ့ပြောင်းလဲမှုတွေကတော့ -
●  ရာသီနည်းသွားခြင်း
●  ရာသီပိုများလာခြင်း
●  ရာသီမမှန်ခြင်း
●  ရာသီထိန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Dolfenal 1

အခုကာလထိတော့ ကိုဗစ်ကြောင့် ရာသီစက်ဝန်း ပြောင်းလဲမှုတွေကို လေ့လာမှုအနည်းငယ်သာ ပြုလုပ်ရပါသေးတယ်။ ဖြစ်နိုင်ချေရှိတာကတော့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ထိခိုက်မှုဖြစ်ပေါ်ခြင်း သို့မဟုတ် ကိုဗစ်ကြောင့် ဟိုမုန်းအပြောင်းအလဲတွေဖြစ်ခြင်းကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။

၂၀၂၀ ခုနှစ်က လေ့လာချက်တစ်ခုအရ အမျိုးသမီးတို့ရဲ့သားအိမ်နံရံအတွင်းနံရံဟာ ကိုဗစ်ပိုး တိုက်ခိုက်နိုင်ခြင်း ကင်းဝေးတယ်လို့ တွေ့ရှိရပါတယ်။
●  ကိုဗစ်ကူးစက်ခံရမှု ပြင်းထန်သောဖြစ်စဉ်တွေမှာ ရာသီလာချိန် ၃၇ ရက်ခန့်တောင် ကြာမြင့်တာမျိုးလည်း တွေ့ရှိခဲ့ပါတယ်။ လေ့လာချက်များအရ ကူးစက်ခံရသူ ၃၇၇ အနက် ၅၀ (၂၈ ရာနှုန်း) ဟာ ပုံမှန်လာနေကျထက် ရာသီလာချိန်ရက် ပိုကြာကြတာ တွေ့ရပါတယ်။
●  ကူးစက်ခံရသူ ၈၄ ရာနှုန်း - ၉၉ရာနှုန်းလောက်ကတော့ တစ်လ သို့မဟုတ် နှစ်လလောက် ရာသီထိန်တတ်ကြပါတယ်။

Dolfenal 2

>>  အကျဉ်းချုပ်ပြောရမယ်ဆိုပါက -
●  အချို့သောအမျိုးသမီးတွေမှာ ကိုဗစ်ပိုး ကူးစက်ခံရခြင်းကြောင့် ရာသီနည်းခြင်း၊ ရာသီရက်ကြာချိန် ပြောင်းလဲခြင်းတို့ကို ရင်ဆိုင်ရနိုင်ပါတယ်။
●  အတွေ့အများဆုံးကတော့ ရာသီသွေးပမာဏနည်းသွားခြင်းနှင့် ရာသီလာချိန်ရက်ကြာခြင်းတို့ ဖြစ်ပါတယ်။
●  ကိုဗစ်ကူးစက်ခံရသူနှင့် မကူးစက်ခံရသူများမှာ လိင်ဆိုင်ရာဟော်မုန်းပမာဏ မတူညီတာမျိုးတော့ မရှိပါဘူး။
●  အချို့ကိုဗစ်ကူးစက်ခံရသူများဟာ ပိုးဝင်ပြီး ၁ လ သို့မဟုတ် ၂ လလောက်မှ ရာသီပြန်လာတာမျိုး ရှိတတ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)