ဓမ္မတာလာစဥ်မှာ စိတ်ကျန်းမာရေးကောင်းမွန်စေရန် ကူညီပေးနိုင်တဲ့ နည်းလမ်းများ
အမျိုးသမီးတွေဟာ ဓမ္မတာမတိုင်ခင် တစ်ပတ်၊ ဒါမှမဟုတ် နှစ်ပတ်အလိုလောက်ကစပြီး ဓမ္မတာမတိုင်ခင် ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာအစုအဝေး (PMS - Premenstrual syndrome) လို့ခေါ်တဲ့ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားရလေ့ရှိပါတယ်။ PMS လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ လေထိုးလေအောင့်ခြင်းတွေကို အမျိုးသမီးလေးယောက်မှာ သုံးယောက်က ခံစားကြရပါတယ်။
Dolfenal 2022 IA 1
Premenstrual Dysphoric Disorder (PMDD) ဆိုတာကတော့ PMS နဲ့ ဆင်တူပေမယ့် သူ့ရဲ့လက္ခဏာတွေဟာ ပိုမိုပြင်းထန်ပါတယ်။ စိုးရိမ်မှုလွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တင်းကြပ်မှုများခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပြီး အမျိုးသမီးတွေရဲ့ နေ့စဥ်ဘဝကိုတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတို့အတွက် ဓမ္မတာကာလမှာ စိတ်ကျန်းမာရေးကောင်းမွန်စေဖို့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။
Dolfenal 2022 IA 2
♦ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း - လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အာဟာရမျှတစုံလင်အောင် စားသောက်ခြင်း၊ အိပ်ရေးဝဝ အိပ်စက်ပေးခြင်းဟာ စိတ်ခံစားချက်တည်ငြိမ်စေရန် ကူညီပေးပြီး ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ စိတ်တည်ငြိမ်အောင် ကျင့်ကြံခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့နဲ့ တွဲဖက်လုပ်ဆောင်ပေးရင် ပိုပြီးအကျိုးရှိနိုင်ပါတယ်။
♦ အာဟာရဓာတ်များဖြည့်စွက်မှီဝဲခြင်း - မဂ္ဂနီဆီယမ်၊ ဗီတာမင် B6၊ အိုမီဂါ-3 စတဲ့ အာဟာရဓာတ်တွေဟာ ဓမ္မတာမတိုင်ခင် ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
♦ ဆေးဝါးကုသမှုခံယူခြင်း - ရောဂါလက္ခဏာ ပြင်းထန်သူများအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး လိုအပ်ပါက ဟော်မုန်းဆေးဝါးတွေ၊ စိတ်ကျရောဂါကုဆေးဝါးတွေကို သောက်သုံးပေးသင့်ပါတယ်။
♦ စိတ်ကျန်းမာရေးအထောက်အကူ ရယူခြင်း - စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူများထံမှ အကူအညီရယူခြင်းဟာလည်း PMDD လက္ခဏာတွေအတွက် အကျိုးကျေးဇူးရှိပါတယ်။ Cognetive behaviour Therapy ဆိုတဲ့ စိတ်ရောဂါကုထုံးဟာ ဓမ္မတာကာလမှာ အမျိုးသမီးတို့ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ထိရောက်စွာကူညီပေးနိုင်ပါတယ်။