ဆယ်ကျော်သက်အမျိုးသမီးများနဲ့ သွေးအားနည်းရောဂါ
သွေးအားနည်းရောဂါတွေထဲမှာ အဖြစ်အများဆုံးကတော့ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်းပဲ ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဟာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတွေမှာ အတွေ့ရများတတ်ပါတယ်။
Feroglobin IA 2024

ဒီအသက်အရွယ်မှာ အတွေ့ရများတဲ့ အကြောင်းရင်းကတော့ အပျိုဖော်ဝင်ချိန် သွေးဆင်းများခြင်း၊ ခန္ဓာကိုယ်ကြီးထွားချိန်မှာ သံဓာတ်ကို ပိုမိုလိုအပ်ခြင်း၊ အသားငါးမစားခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းမှာ သွေးယိုစိမ့်မှုရှိခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
သံဓာတ်ချို့တဲ့တာ သိပ်မဆိုးရင်တော့ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် အရမ်းဆိုးလာရင်တော့ ခေါင်းမူး၊ ခေါင်းကိုက်၊ မောခြင်း၊ ရင်တုန်ခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲထားရင် ကိုယ်ခံအားစနစ် ထိခိုက်ပြီး အလွယ်တကူ ရောဂါပိုးကူးစက်နိုင်ပါတယ်။ အရမ်းဆိုးလာရင်တော့ နှလုံးနဲ့အဆုတ်တို့ပါ ထိခိုက်ပျက်စီးနိုင်ပါတယ်။
Feroglobin IA 2024

ဒါကြောင့် သံဓာတ်ချို့တဲ့မှုမဖြစ်အောင် ကာကွယ်ဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ကို များများစားပေးသင့်သလို သံဓာတ်ဖြည့်စွက်အားဆေးတွေကိုလည်း သောက်သုံးပေးသင့်ပါတယ်။ ရာသီသွေးဆင်း အရမ်းများလေ့ရှိရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်ပါက သွေးဆင်းနည်းစေတဲ့ဆေးဝါးတွေကို သောက်သုံးပေးသင့်ပါတယ်။ ရောဂါအခံရှိသူတွေအနေနဲ့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုတွေကို ခံယူပေးသင့်ပါတယ်။