/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နာနေသလား-သတိထား-0

နာနေသလား ... သတိထား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးအများစုဟာ သားရေးသမီးရေး၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စ အဝဝတို့နဲ့ ရှုပ်ထွေးပွေလီနေလေ့ ရှိတာကြောင့် နာတာကျင်တာ၊ ကိုက်တာခဲတာလောက်ကို တော်ရုံတန်ရုံ ဂရုမပြုတတ်ကြပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ ဒီလိုနာကျင်မှုဝေဒနာတွေ ဖြစ်ပေါ်နေတာဟာ ရောဂါကြီးကြီးမားမား တစ်ခုခုရှိနေတာကို ခန္ဓာကိုယ်က အချက်ပြနေတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ အောက်ပါနာကျင်မှုဝေဒနာတွေ ခံစားနေရပါက လျစ်လျူ မရှုသင့်ပါဘူး။

●  ဓမ္မတာ နာကျင်ခြင်း
ရာသီလာစဉ် ပုံမှန်ထက်ပိုပြီး ကိုက်ခဲနာကျင်နေခဲ့ရင် သတိထားပါ။ သားအိမ်အတွင်းသားအလွှာ နေရာလွဲမှားပြီး ရောက်နေတဲ့ Endometriosis လို့ခေါ်တဲ့ရောဂါ ဖြစ်နေနိုင်ပါတယ်။

●  ခေါင်းကိုက်ခြင်း
ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာဟာ ဦးနှောက်ထဲမှာ သွေးကြောဖောင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးကြောတွေဟာ ရုတ်တရက် ပေါက်ထွက်နိုင်ပြီး အသက်အန္တရာယ်ရှိတာကြောင့် တစ်သက်တာမှာ အဆိုးရွားဆုံးလို့ ယူဆနိုင်တဲ့ခေါင်းကိုက်ခြင်းမျိုးနဲ့ ခေါင်းကိုက်ခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသ ဆွေးနွေးသင့်ပါတယ်။

●  ဗိုက်အောင့်လေပွခြင်း
အမျိုးသမီးတိုင်းဟာ ဓမ္မတာလာစဉ်မှာ ဗိုက်အောင့်လေပွတတ်ကြတာကြောင့် ဖြစ်ရိုးဖြစ်စဉ် ပေါ့ပေါ့ဆဆ မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ပုံမှန်ဖြစ်နေကျထက် ပိုဖြစ်လာရင်တော့ သားဥအိမ်ကင်ဆာလက္ခဏာရပ် ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။

●  ခြေသလုံးနာခြင်း
ခြေသလုံးလေ့ကျင့်ခန်းတွေ မလုပ်ရပါဘဲ ခြေသလုံးတွေ နာကျင်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးပါ။ ခြေသလုံးသွေးကြောလေးတွေထဲမှာ သွေးခဲပိတ်တဲ့အခါ Deep vein trombosis လို့ခေါ်တဲ့ ခြေသလုံးသွေးကြောပိတ်ရောဂါ ဖြစ်လာပြီး နာကျင်ကိုက်ခဲခြင်းကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သန္ဓေတားဆေးသုံးစွဲသူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)