/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ပန်းကလေးများထံမှ-ပေးစာများ-အပိုင်း-2

ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-2)

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

"ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်ကနေ မေးမြန်းလာတဲ့ မေးခွန်းလေးကတော့...

 

မေးခွန်း (1) ။ ။

သမီးနာမည် သူဇာအောင် ပါ။ အသက်က 26 နှစ်ရှိပါပြီ။ အိမ်ထောင်မရှိပါဘူး။
အခုသမိီးဖြစ်နေတာက ရာသီမမှန်တာပါ။ သမီးက 14 နှစ်မှာ အပျိုဖော်စ၀င်ပါတယ်။ 3 လမှ တစ်ခါ ရာသီလာပါတယ် ။ တစ်ခါလာရင်လဲ 3 ရက်ပဲ လာပါတယ်။ အဲဒါ ရာသီမှန်မှန်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ရာသီမမှန်တာက စိတ်ပူရလားဆိုတာကိုလည်း သိချင်ပါတယ်ရှင့်။

မေးခွန်း (2) ။ ။

သမီးက ဆောင်းနှင်းဖြူပါ။ အသက်က 24 ပါ။ သမီး အသက် 12 နှစ်မှာ ရာသီစလာပါတယ်။
ပထမ 2 နှစ် 3 နှစ် ရာသီလစဉ်ပုံမှန်လာပါတယ်။ နောက်ပိုင်းလုံးဝမလာတော့ပါဘူး။
အိမ်နားကဆရာဝန်မှာပေါ်ဆေးသွားထိုးမှလာတော့တယ်။ ဆေးမထိုးမချင်းဘယ်လောက်ကြာကြာ ရာသီမလာပါဘူး။
ဗိုက်ထဲအလုံးဖြစ်မှာစိတ်ပူပြီး 2လ 3လ တစ်ခါလောက် ဆေးထိုးလိုက်ပါတယ်။ သမီးရဲ့body weight က 142 ပေါင်ပါ။ ဝပါတယ်။ အဲဒါ သဘာဝအတိုင်း လစဉ်ပုံမှန်လာအောင် ဘယ်လိုလုပ်သင့်လဲဆိုတာကို ဖြေကြားပေးစေလိုပါတယ်။

မေးခွန်း (3) ။ ။

ဆရာရှင့်…
သမီးအသက် 31 ရှိပါပြီရှင့်။ ရာသီမမှန်ဘူးရှင့်။ ယောက်ကျားရှိပါတယ်။ ဒါပေမဲ့ သူကအဝေးမှာပါ။ ရာသီက 3လ ပိုင်းတော့ မလာဘူး။ 4လပိုင်း 23 ရက်နေ့က ဆေးခန်းသွားပါတယ်။ ဆေးထိုးပေးပြီး အခု 6လပိုင်းတော့မလာပြန်ဘူး။ စိတ်ညစ်လာလို့ပါ ဆရာရယ်။ သမီးကို ဖြေပေးပါဦး။