ဓမ္မတာလာခါနီးပြီလား . . . ?
၉၀% သော အမျိုးသမီးတွေဟာ ဓမ္မတာမတိုင်ခင် တစ်ပတ်၊ နှစ်ပတ်အလိုလောက်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ခံစားရတာကို သတိပြုမိလေ့ရှိကြပါတယ်။ ဒီလက္ခဏာတွေကို ဆေးပညာအခေါ်အရ Premenstrual Syndrome (PMS) လို့ ခေါ်ပါတယ်။ PMS လက္ခဏာတွေ မိမိတို့ဆီမှာ ရှိလာပြီဆိုရင်တော့ သိပ်မကြာခင် ဓမ္မတာလာတော့မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ PMS လက္ခဏာတွေကတော့…..
♦ မေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံအမြောက်အများထွက်ခြင်း
♦ သားဥကြွေပြီးချိန်ကစလို့ ဓမ္မတာစလာပြီး ရက်အနည်းငယ်လောက်အထိ ရင်သားတင်းပြီးနာကျင်ခြင်း
♦ မောပန်းနွမ်းနယ်ပေမယ့် ညဘက်အိပ်မပျော်ြခင်း
♦ ဆီးစပ်ကိုက်ခြင်း
Dolfenal 2022 IA 1
♦ ဝမ်းမမှန်ခြင်း (ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း)
♦ လေထိုး၊ လေပွခြင်း
♦ ခေါင်းကိုက်ခြင်း
♦ စိတ်အပြောင်းအလဲမြန်ခြင်း
♦ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်း
♦ ခါးကိုက်၊ ခါးနာခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Dolfenal 2022 IA 2
ဒီလိုလက္ခဏာတွေကို ခံစားနေရပြီးဆိုရင် မကြာခင်ကာလမှာ ဓမ္မတာလာတော့မှာဖြစ်လို့ အပြင်သွားတဲ့အခါ အတွင်းခံအပိုနဲ့ လစဥ်သုံးပစ္စည်းတွေ၊ လိုအပ်တဲ့ဆေးဝါးတွေကို ဆောင်ထားကြဖို့ မမေ့ကြပါနဲ့နော်။