ဓမ္မတာသွေးဆင်းများသော ဆယ်ကျော်သက်အမျိုးသမီးများ သံဓာတ်အားနည်းခြင်းမရှိအောင် ဂရုစိုက်ပါ။
ပထမဆုံးအကြိမ် ဓမ္မတာစလာတဲ့အခါ ခန္ဓာကိုယ်က ပြောင်းလဲမှုများစွာကို လိုက်လျောညီထွေဖြစ်အောင် ညှိယူကြရပါတယ်။ ဒါကြောင့်မို့ ဓမ္မတာလာတဲ့ အသက်အရွယ်မှာဆိုရင် တစ်ချို့လတွေမှာ သွေးဆင်းနည်းပြီး တစ်ချို့လတွေမှာ သွေးဆင်းများတာမျိုး ဖြစ်တတ်ပါတယ်။ လပေါင်းများစွာကြာအောင် ဆက်တိုက်ကြီး သွေးဆင်းများနေရင်တော့ သံဓာတ်အားနည်းခြင်းရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာစလာချိန် ဆယ်ကျော်သက်အမျိုးသမီးလေးတွေအနေနဲ့ သံဓာတ်အားနည်းခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
Feroglobin IA 2024
ဘယ်လိုအခြေအနေကို ဓမ္မတာသွေးဆင်းများတယ်လို့ သတ်မှတ်သလဲ။
ပုံမှန်ဓမ္မတာလာချိန်ဟာ (၄-၅) ရက်လောက်ပဲ ကြာတတ်ပြီး သွေးပမာဏ ထမင်းစားဇွန်း (၃-၄) ဇွန်းလောက် ဆုံးရှုံးလေ့ရှိပါတယ်။ ဓမ္မတာလာတာ (၇) ရက်ထက်ပိုကြာရင်၊ ဆင်းတဲ့သွေးပမာဏက ပုံမှန်ထက် နှစ်ဆလောက်များရင် ဓမ္မတာသွေးဆင်းများတယ်လို့ သတ်မှတ်ပါတယ်။
သွေးဆင်းများခြင်းကြောင့် သံဓာတ်အားနည်းတဲ့အခါ ဘယ်လိုလက္ခဏာတွေကို ခံစားရနိုင်သလဲ။
ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နုန်းခြင်း၊ အားနည်းခြင်း၊ မောခြင်း၊ အသားအရောင် ဖြူဖျော့ခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
Feroglobin IA 2024
သံဓာတ်အားနည်းခြင်းမရှိအောင် ဘယ်လိုကာကွယ်သင့်သလဲ။
- သံဓာတ်ကြွယ်ဝသော အနီရောင်အသားများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အသီးခြောက်များ၊ အခွံမာသီးများ၊ သံဓာတ်ဖြည့်စွက်ထားသော အစားအစာများကို စားသောက်ပေးပါ။
- ဗီတာမင်စီကြွယ်ဝသော ချဥ်သောအသီးများ၊ လိမ္မော်ရည် စတာတွေကို သံဓာတ်ကြွယ်ဝသော အစားအစာများနဲ့ တွဲဖက်စားသောက်ပေးပါ။
- သံဓာတ်ဖြည့်စွက်အားဆေးကို တစ်နေ့တစ်ကြိမ် ပုံမှန်မှီဝဲပေးပါ။
Feroglobin သံဓာတ်အားဆေးမှာ သံဓာတ်အပြင် ဖောလစ်အက်စစ်၊ Vitamin B 12 နဲ့ ဇင့်ဓာတ်တို့ ပါဝင်တာကြောင့် သံဓာတ်အားနည်းခြင်းကို ကာကွယ်ပေးတဲ့အပြင် အမျိုးသမီးလေးတွေ ဖြစ်လေ့ရှိတဲ့ ဓမ္မတာကြောင့် ကိုက်ခဲနာကျင်မှုကိုလည်း သက်သာစေပါတယ်။