မိန်းမကိုယ်မှိုစွဲခြင်းအကြောင်း သိကောင်းစရာ
မိန်းမကိုယ်အတွင်းမှိုစွဲခြင်းဆိုတာ မှိုတစ်မျိုးကြောင့်ဖြစ်တတ်သော ပိုးဝင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။
>> လက္ခဏာများ
● မိန်းမကိုယ်တစ်ဝိုက် ယားယံခြင်း
● လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက် မိန်းမကိုယ်နာခြင်း/ပူခြင်း
● မိန်းမကိုယ်မှ အဖြူပျစ်ပျစ်အရည်များဆင်းခြင်း
● မိန်းမကိုယ်မှ အနံ့အသက်ရှိသော အရည်များဆင်းခြင်း
● ဆီးပူခြင်း၊ ဆီးအောင့်ခြင်း
● မိန်းမကိုယ်နှုတ်ခမ်းသားများ နီရဲရောင်ကိုင်းခြင်း
● မိန်းမကိုယ်နံရံတွင် အဖြူရောင်အစက်များတွေ့ခြင်း
>> ဘာကြောင့်ကူးစက်သလဲ?
● Candida albicans ဆိုသော yeast မှိုကြောင့်ဖြစ်ပါတယ်။ ထိုမှိုတစ်မျိုးဟာ စားလိုက်တဲ့ အစားအစာတွေကနေ အူကိုရောက်ရှိပါတယ်။ အူထဲမှာတော့ ဘာပြဿနာမှမပေးဘဲ စအိုသို့ရောက်ရှိတဲ့အခါ စအိုနှင့် မိန်းမကိုယ်ကြားရှိ အမြှေးပါးကနေတစ်ဆင့် မိန်းမကိုယ်သို့ ပျံ့နှံ့ခြင်းဖြစ်ပါတယ်။
● အမျိုးသမီးတိုင်းဟာ အပျိုဖော်ဝင်စကနေ သွေးဆုံးချိန်ထိ ဖြစ်ပေါ်နိုင်ဖို့ အလားအလာရှိပါတယ်။
>> ဘယ်လိုကာကွယ်မလဲ?
● အချိုများသောအစာများကိုရှောင်ခြင်း
● အောက်ခံဘောင်းဘီကို ပွပွချောင်ချောင်ဝတ်ခြင်း
● ပိုးသတ်ဆေးများကို မလိုအပ်ဘဲ မသောက်ခြင်း
● မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားခြင်း
● ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင်စားခြင်း
>> ဘယ်အချိန်မှာဆေးခန်းပြမလဲ?
● ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်း
● တစ်နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ခြင်း
● ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်ဖြစ်ခြင်း
● ဆေးများ သောက်နေတာတောင် မပျောက်ခြင်း
>> မကြာခဏ မှိုပိုးဝင်ခြင်းကို ဘယ်လိုကုသလေ့ရှိလဲ?
● သောက်ဆေးများနှင့် မိန်းမကိုယ်တွင်းထည့်သောဆေးများပေးခြင်း
● မှိုအတွက် ပိုးသတ်ဆေးများကို အနည်းဆုံး ၆ လ သောက်ခိုင်းခြင်း
● တားဆေးကတ်များအစား သုံးလခံဆေးထိုးခြင်း သို့မဟုတ် လက်မောင်းတွင်း တားဆေးထည့်ခြင်း
● သွေးဆုံးပြီးအမျိုးသမီးများတွင် ဟော်မုန်းကုသမှုခံယူနေပါက အီစတိုဂျင်နည်းပါးသောကုသမှုသို့ ပြောင်းလဲခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။
မိန်းမကိုယ်မှိုပိုးဝင်ခြင်းဟာ လိင်ကတစ်ဆင့် ကူးစက်သောရောဂါ မဟုတ်ပါဘူး။
မိန်းမကိုယ်မှိုပိုးဝင်ဖူးသူများအနေနှင့် နောက်တစ်ကြိမ် ထပ်မံဝင်ရောက်နိုင်တာမို့ တစ်ကိုယ်ရည် သန့်ရှင်းရေးအလေးထားခြင်း၊ မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင်ထားခြင်း၊ အတွင်းခံပွပွဝတ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းတို့ဖြင့် ကာကွယ်သင့်ပါတယ်။














