/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးပြီးချိန်မှာ-သွေးပေါင်ချိန်မြင့်တက်ခြင်းကို

သွေးဆုံးပြီးချိန်မှာ သွေးပေါင်ချိန်မြင့်တက်ခြင်းကို ထိန်းချုပ်ဖို့အတွက်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ယေဘူယျအားဖြင့် အမျိုးသမီးတွေ သွေးဆုံးပြီးချိန်မှာ သွေးပေါင်ချိန်လည်း မြင့်တက် လာလေ့ရှိကြပါတယ်။ ဒါက သွေးဆုံးပြီးချိန်မှာဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် သွေးတိုးရတယ်လို့ ဆရာဝန်အချို့က ယူဆကြပါတယ်။ အချို့ကတော့ ဟော်မုန်းအပြောင်းအလဲဆိုတာထက် ကိုယ်အလေးချိန် တက်လာလို့ဖြစ်နိင်တယ်လို့ ယူဆကြပါတယ်။

          သွေးမဆုံးခင်နဲ့ ဆုံးပြီး ၂ချိန်လုံးမှာ သွေးတိုးခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံတွေကတော့ -

 

- ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းထားပါ။

- ပြုပြင်မထားတဲ့အစေ့အဆန်တွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစတဲ့ နှလုံးကျန်းမာစေတဲ့ အစားအစာတွေစားပါ။

- အသင့်စားအစားအစာတွေနဲ့ ဆား စားသုံးမှုကိုတတ်နိုင်သမျှလျှော့ချပါ။

- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

- စိတ်ဖိစီးမှုတွေပြေလျော့စေဖို့ နည်းလမ်းတွေရှာပါ။

- အရက်မသောက်ပါနဲ့ (သို့) အကန့်အသတ်နဲ့သောက်ပါ။

- ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)