/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မျိုးဥကြွေချိန်-တွက်နည်း

မျိုးဥကြွေချိန် တွက်နည်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရာသီစက်ဝန်း

          သတ်မှတ်ထားတဲ့ ရာသီစက်ဝန်းက ၂၈ ရက်ဖြစ်ပေမယ့်  ပုံမှန်အားဖြင့် ၂၈ ရက်ကနေ ၃၂ ရက် အထိရှိပါတယ်။ အချို့အမျိုးသမီးတွေမှာ ဒီထက်ရက်ပိုတိုရင်တိုနိုင်သလို ပိုရှည်ရင်လည်းရှည်နိုင်ပါတယ်။ ဒါကြောင့် မမျိုးဥကြွေတဲ့အချိန်လည်း ကွဲပြားနိုင်ပါတယ်။ အောက်ကအချက်တွေကတော့ ရာသီစက်ဝန်းကို ၂၈ ရက်ထားပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။

ပထမရက

         ရာသီစလာတဲ့နေ့ကို ရာသီစက်ဝန်းရဲ့ ပထမနေ့အဖြစ်သတ်မှတ်ပါတယ်။

၂ရက် မှ ၁၄ ရက် - Follicular phase

         သားဥအိမ်မှာရှိတဲ့ ဂလင်း (follicles) လေးတွေ စတင်လှုပ်ရှားလာပြီး သားအိမ်မှာရှိတဲ့အချွဲလေးတွေက ပါးလာပါတယ်။

၁၄ ရက်မြောက်နေ့

        မမျိုးဥက ရာသီစက်ဝန်းရဲ့ အလယ်တည့်တည့်ရက်မှာ ကြွေလေ့ရှိပေမယ့် ကွဲပြားမှုတော့ ရှိပါတယ်။ အချို့က ၁၁ရက်ကနေ ၂၁ ကြားထဲမှာ ကြွေတတ်ပါတယ်။ estrogen ဟော်မုန်းမြင့်တက်လာခြင်းကြောင့် LH ဟော်မုန်းတွေ များလာပြီးတော့ ဂလင်းတွေကိုလှုံ့ဆော်ပြီး မမျိုးဥထွက်လာပါတယ်။ ခန္ဓာကိုယ်အပူချိန်နဲ့ LH မြင့်တက်ချိန်ကို ဇယားဆွဲထားမယ်ဆိုရင် ဘယ်အချိန် မမျိုးဥကြွေလဲဆိုတာကို သိနိုင်ပါတယ်။

၁၅ ရက်မှ ၂၂ ရက် - Luteal phase

         မမျိုးဥ ကြွေပြီးနောက်မှာ ဂလင်းတွေကနေ  progesterone ဟော်မုန်းထုတ်ပေးပါတယ်။ ဒီဟော်မုန်းက သနေ္ဓတွယ်နိုင်ဖို့အတွက် သားအိမ်နံရံကို ထူလာစေပါတယ်။

၂၃ ရက်မှ ၂၄ ရက်

         သနေ္ဓအောင်တဲ့မျိုးဥကစပြီး သနေ္ဓတွယ်ပါပြီ။ ဒီအချိန်မှာ ကိုယ်ဝန်ကြောင့်ထွက်လာတဲ့ဟော်မုန်းတွေကို ဆီးစစ်ပြီးတော့ တိုင်းတာလို့ရပါတယ်။

၂၅ ရက်မှ ၂၈ ရက်

         တကယ်လို့ ကိုယ်ဝန်မရဘူးဆိုရင်တော့ ဟော်မုန်းပမာဏ စပြီးကျဆင်းလာပါတယ်။ သားအိမ်နံရံတွေကြွေကျပြီးတော့ ရာသီသွေးစဆင်းလာပါတော့တယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com