ရက်ရှောင်နည်း
Category
အမျိုးသမီးများနှင့်ကျန်းမာရေး
ဒီနည်းဟာ မမျိုးဥ ကြွေချိန်မှာ အမျိုးသားနှင့် အတူမနေခြင်းဖြင့် ကိုယ်၀န်မရအောင် တားသောနည်းလမ်း ဖြစ်ပါတယ်။
28 ရက်တစ်ခါ ရာသီပုံမှန်လာသော အမျိုးသမီးတွေမှာ မမျိုးဥကြွေရက်ဟာ ရာသီလာပြီး 12 ရက်မှ 16 ရက်အတွင်း ဖြစ်ပါတယ်။ မမျိုးဥနှင့် သုတ်ပိုးတို့၏ သက်တမ်းကို ထည့်တွက်ရသဖြင့် ကိုယ်၀န်မလိုချင်သော စုံတွဲများမှာ ရာသီလာပြီးသည့်နောက် 9 ရက်မှ 17 ရက်အတွင်း ရက်ရှောင်ရပါမယ်။
ပြောင်းပြန်အားဖြင့် သားသမီး လိုချင်သူစုံတွဲများအနေဖြင့် ၎င်းရက် (ရာသီလာပြီးသည့်နောက် 9 ရက်မှ 17 ရက်) အတွင်း အတူနေရမှာ ဖြစ်ပါတယ်။
30 ရက်တစ်ခါ ရာသီလာသော အမျိုးသမီးတွေမှာ ရာသီလာပြီးသည့်နောက် 11 ရက်မှ 19 ရက်အတွင်း ရက်ရှောင်ရမှာ ဖြစ်ပါတယ်။
35 ရက်တစ်ခါ ရာသီလာသော အမျိုးသမီးတွေမှာတော့ ရာသီလာပြီးသည့်နောက် 16 ရက်မှ 24 ရက်အတွင်း ရက်ရှောင်ရမှာ ဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် ရာသီမမှန်သော အမျိုးသမီးများမှာတော့ ဒီနည်းလမ်း အသုံးပြုခြင်းဖြင့် မမျှော်လင့်ဘဲ ကိုယ်၀န်ရသွားတတ်တဲ့အတွက် အသုံးပြုလို့မရပါဘူး။
Dr. Zero (www.drmyanmar.com)
















