ဓမ္မတာလာချိန် ရှောင်ကြဥ်သင့်သော အစားအသောက်များ
ဓမ္မတာလာချိန်ဆိုရင် လုပ်သင့်တာတွေ၊ စားသင့်တာတွေကိုပဲ အဓိကဦးစားပေးပြောကြတော့ ရှောင်ကြဥ်သင့်တာတွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဓမ္မတာလာချိန်မှာ ရှောင်ကြဥ်သင့်တဲ့ အစားအသောက်တွေအကြောင်းကို အနည်းငယ် ဝေမျှပေးချင်ပါတယ်။
Dolfenal 2022 IA 1
၁။ စည်သွပ်ဘူးတွေမှာ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ ဆိုဒီယမ်ပါဝင်မှု များပြားတာကြောင့် လေပွခြင်း၊ ကိုက်ခဲခြင်းတွေကို ပိုဆိုးစေနိုင်ပါတယ်။
၂။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေပြီး လေပွတာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲမှုသက်သာစေဖို့ဆိုရင် ကော်ဖီကို တစ်နေ့ တစ်ခွက် (သို့) နှစ်ခွက်လောက်ပဲ ချင့်ချိန်သောက်သုံးသင့်ပါတယ်။
၃။ အပူအစပ်တွေဟာ အစာအိမ်အက်စစ်ထွက်တာကို များစေလို့ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
Dolfenal 2022 IA 2
၄။ အကြော်၊ ဝက်ပေါင်ခြောက်ကဲ့သို့သော အဆီများတဲ့ အစားအစာတွေဟာ ဓမ္မတာကိုက်ခဲမှုကို ပိုဆိုးစေပါတယ်။
၅။ သကြားလုံးကဲ့သို့သော ချိုလွန်းတဲ့အစားအစာတွေဟာ နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေပါတယ်။
နိဂုံးချုပ်ပြောရရင် ဓမ္မတာလာချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာတွေကို သက်သာစေဖို့ ဖော်ပြခဲ့တဲ့ အစားအသောက်တွေကို ရှောင်ကြဥ်ပေးသင့်ပါတယ်။ ဒါ့အပြင် အစာကို အချိန်မှန်စားခြင်း၊ ရေများများသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်ပေးခြင်းဖြင့်လည်း ဓမ္မတာကိုက်ခဲနာကျင်မှုတွေကို သက်သာစေရန် ကူညီပေးနိုင်ပါတယ်။