/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီထိန်ခြင်းအကြောင်း-သိကောင်းစရာများ

ရာသီထိန်ခြင်းအကြောင်း သိကောင်းစရာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရာသီထိန်တယ် ဘာလုပ်ရမလဲဆိုတဲ့မေးခွန်းကို အမျိုးသမီးတော်တော်များများ မေးလေ့ရှိပါတယ်။ ကိုယ်ဝန်ရှိခြင်း (သို့မဟုတ်) မိခင်နို့တိုက်နေခြင်း မဟုတ်ဘဲ သုံးလဆက်တိုက် ရာသီမလာခြင်းနှင့် အသက် ၁၅ နှစ်အထိ အပျိုဖော်မဝင်ခြင်းကို ရာသီထိန်ခြင်းလို့ သတ်မှတ်ပါတယ်။

Dolfenal 1

>>  ရာသီထိန်တယ်လို့ ဆိုရာတွင် -
(၁)  မူလ ရာသီထိန်ခြင်း (အသက် ၁၅ နှစ်ထိ အပျိုဖော်မဝင်ခြင်း (သို့) ရင်သားများ ဖွံ့ဖြိုးပြီး သုံးနှစ်ကြာသည်အထိ ရာသီ မလာခြင်း)
(၂)  နောက်ဆက်တွဲ ရာသီထိန်ခြင်း (ယခင်က ပုံမှန်ရာသီလာသော်လည်း လက်ရှိမလာတော့ခြင်း) ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

Dolfenal 2

>>  ရာသီ ဘာကြောင့်ထိန်ရသလဲ?
(၁)  ပုံမှန်အခြေအနေတစ်ခုဖြစ်နိုင်ပြီး အနည်းငယ် နောက်ကျနေတာသာ ဖြစ်နိုင်ပါတယ်
(၂)  သွေးတွင်းကိုလက်စထရောများခြင်းနှင့် ဆီးချိုရောဂါရှိခြင်း
(၃)  မျိုးဥအိမ်၊ သိုင်းရွိုက်နှင့် ဟိုမုန်းပြဿနာများ
(၄)  လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် များစွာကျဆင်းခြင်း
(၅)  ကိုယ်ဝန်ဆောင်နေခြင်း၊ ရင်သွေးလေးအား မိခင်နို့တိုက်နေခြင်း
(၆)  အီစတိုဂျင်ဟိုမုန်း နည်းပါးခြင်းတို့ကြောင့် ရာသီထိန်လေ့ ရှိပါတယ်။
အီစတိုဂျင်ဟိုမုန်းနည်းပါးခြင်းကြောင့် ရာသီထိန်ခြင်းအပြင် ကိုယ်ခန္ဓာကနေ ကယ်လ်စီယမ်ကို မစုပ်ယူနိုင်ခြင်းကြောင့် အရိုးများ အားနည်းစေတတ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)