ဓမ္မတာလာချိန် ရက်ကြာနေသလား ?
ပုံမှန်ရာသီစက်ဝန်းတစ်ခုမှာ ဓမ္မတာလာချိန်ဟာ (၃) ရက်ကနေ (၇) ရက်အထိပဲ ရှိရပါမယ်။ (၇) ရက်ထက် ပိုကြာနေတာကို ဓမ္မတာရက်ရှည်တယ်၊ ဒါမှမဟုတ် ဓမ္မတာသွေးဆင်းများတယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ၊ ကုသဖို့နည်းလမ်း ဘာတွေရှိသလဲဆိုတာ ဒီဆောင်းပါးကနေတစ်ဆင့် ဝေမျှပေးချင်ပါတယ်။
Dolfenal 2022 IA 1
ဓမ္မတာရက်ရှည်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ ?
● ဟော်မုန်းဓာတ်များ မညီမျှခြင်း
● သားအိမ်ပြဿနာ တစ်စုံတစ်ရာရှိခြင်း
● သွေးမတိတ်တဲ့ရောဂါ အစရှိတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။
Dolfenal 2022 IA 2
ဘယ်လိုကုသသင့်သလဲ ?
အရင်ဆုံးလုပ်သင့်တာကတော့ ရောဂါအခံတစ်ခုခုကြောင့် ဟုတ်၊ မဟုတ်ဆိုတာ သိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပြသပေးပါ။ ဓမ္မတာရက်ကြာတာဟာ ကိုယ့်ရဲ့နေ့စဥ်ဘဝကို ထိခိုက်နိုင်ပြီး အိပ်ရေးပျက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးဆင်းများတဲ့အခါ သံဓာတ်အားနည်းခြင်းလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဆရာဝန်နဲ့ ပြသပေးသင့်သလို ရောဂါလက္ခဏာကို သက်သာစေမယ့် အောက်ပါအိမ်တွင်းနည်းလမ်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
● စိတ်ဖိစီးမှုများခြင်းဟာ ဟော်မုန်းမညီမျှမှုကို ဖြစ်စေတာကြောင့် စိတ်ဖိစီးမှုကင်းဝေးအောင် ယောဂကျင့်ပါ။ တရားထိုင်ပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
● လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
● တာရှည်ခံအစားအစာများ၊ အာဟာရတန်ဖိုးမရှိသော အစားအစာများကို ချင့်ချိန်စားသုံးပြီး လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံနဲ့ အဆီမပါအသားတို့ကို များများစားပေးပါ။
● ရေများများသောက်ပါ။
● ရေနွေးအိတ်ကပ်ပေးခြင်း (သို့) ရေနွေးစိမ်ခြင်းဟာ ဓမ္မတာကိုက်ခဲခင်းကို သက်သာစေသလို ဓမ္မတာကြာချိန်ကို လျှော့ချပေးဖို့လည်း ကူညီပေးနိုင်ပါတယ်။
● နှမ်းကြတ်စေ့လက်ဖက်ရည်ဟာ အီစတိုဂျင်ပမာဏကို ထိန်းညှိပေးတာကြောင့် ဓမ္မတာလာချိန်မှာ သောက်သုံးပေးရင် သွေးဆင်းများခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။
● စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးများကို သောက်သုံးပေးပါ။ ဒီဆေးဝါးတွေဟာ သွေးဆုံးရှုံးမှုကို ၂၀% ကနေ ၄၉% ထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။