/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလာချိန်-စားသင့်တဲ့-အစားအစာများ

ရာသီလာချိန် စားသင့်တဲ့ အစားအစာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1.  ငှက်ပျောသီး
နာတာ၊ လေပွတာ၊ ဖောတာကို သက်သာစေတဲ့ vitamin B6 နဲ့ potassium ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

2.  ချောကလက်အခါး
 နာကျင်တာကို သက်သာစေပြီး စိတ်ကို တက်ကြွစေပါတယ်။ အချိုပါတဲ့ ချောကလက်တွေကတော့ နာကျင်တာကို ပိုဆိုးစေပါတယ်။

3.  အစိမ်းရောင်ရှိတဲ့ အသီးအရွက်
 Vitamin E, B6 နဲ့ magnesium တွေပါလို့ နာကျင်တာ၊ ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ တကယ်တော့ အသီးအရွက်တွေက တစ်ကိုယ်လုံး ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။

4.  ချင်း (ဂျင်း)
ချင်း (ဂျင်း) မှာ အရောင်ကျစေတဲ့ အာသိသင်ရှိပြီး နာကျင်တာကို သက်သာစေပါတယ်။ ရာသီလာရင် ဖြစ်တတ်တဲ့ ဗိုက်မကောင်းတာ မအီမသာ ဖြစ်တာကိုလည်း သက်သာစေပါတယ်။ ချင်း (ဂျင်း) အနည်းငယ်ကို လှီး၊ ရေနဲ့ပြုတ်၊ ပျားရည်တစ်စက် နှစ်စက်ထည့်ပြီး အကြမ်းရည်လို သောက်နိုင်ပါတယ်။

5.  ဒိန်ချဉ်
ကယ်လ်စီယမ်တွေ အများကြီးပါလို့ ကိုက်ခဲ နာကျင်တာ၊ ခါးနာတာတွေကို သက်သာစေပါတယ်။

pH Care 1

6.  ထောပတ်
အသားဓာတ်နဲ့ Omega 3 fatty acid တွေပါလို့ ကိုက်ခဲတာကို သက်သာစေပြီး စိတ်ကျရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ဟော်မုန်းတွေကိုလည်း ထိန်းညှိပေးပါတယ်။

7.  ပဲအမျိုးမျိုး
နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး ပုံမှန်စားပေးရင် serotonin ဆိုတဲ့ စိတ်ပျော်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးတာကြောင့် ဒီလိုအချိန်တွေအတွက် အသင့်တော်ဆုံးပါပဲ။

8.  စမုံစပါး
အရောင်ကျစေပြီး အကိုက်အခဲ ပျောက်စေပါတယ်။ ကြွက်သားတွေကို ဖြေလျော့ပေးပြီး လေပွတာကိုလည်း သက်သာစေပါတယ်။ အခြောက်ခံပြီး ဒီတိုင်းစားလည်းရသလို၊ ရေနဲ့ပြုတ် အအေးခံပြီး သောက်ပေးလို့လည်း ရပါတယ်။

9.  နာနတ်သီး
 ကြွက်သားတွေကို ဖြေလျော့စေပြီး နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။

10.  သစ်ကြားသီး
မှတ်ဉာဏ်အားကောင်းစေသလို နာကျင်တာကိုလည်း သက်သာစေပါတယ်။ Omega 3 fatty acid က အရောင်ကျစေပြီး မဂ္ဂနီစီယမ်က ကြွက်သားတွေကို ဖြေလျော့စေပါတယ်။

Dr. Htar (www.drmyanmar.com)

pH Care 2

(Zawgyi)

1.  ငှက်ပျောသီး

2.  ချောကလက်အခါး


4.  ချင်း (ဂျင်း)

5.  ဒိန်ချဉ်

6.  ထောပတ်

7.  ပဲအမျိုးမျိုး

8.  စမုံစပါး

9.  နာနတ်သီး

10.  သစ်ကြားသီး
