ရာသီသွေးတွေ ဒလဟောဆင်းစေသော အကြောင်းရင်းများ
အရွယ်ရောက်ပြီး အမျိုးသမီးများဟာ လစဉ်တိုင်းမှာ ရာသီသွေးဆင်းခြင်းနှင့် မလွဲမသွေ ကြုံတွေ့ရတတ်ပါတယ်။ ရာသီသွေးအဆင်းများသူ အမျိုးသမီးတွေရဲ့တစ်ဝက်ခန့်ဟာ အကြောင်းရင်း တိတိကျကျမရှိဘဲ သွေးအဆင်းများတတ်ပါတယ်။
ကျန်တစ်ဝက်ခန့်ကတော့ အောက်ပါအကြောင်းရင်းများကြောင့် သွေးအဆင်းများရခြင်း ဖြစ်ပါတယ်။
(၁) သားအိမ်တွင် အသားလုံးများရှိခြင်း
(၂) မျိုးဥအိမ်နှင့် မျိုးပွားပြွန်များတွင် သားအိမ်တစ်သျှူးစများရှိနေသောရောဂါ (Endometriosis)
(၃) တင်ပဆုံကွင်းအတွင်း ပိုးဝင်ခြင်း (PID)
(၄) သားအိမ်ကင်ဆာ
(၅) သိုင်းရွိုက်ဂလင်းလှုပ်ရှားမှုနည်းသောရောဂါ
Dolfenal 1

(၆) ဆီးချိုရောဂါ
(၇) သွေးရောဂါ
(၈) သားအိမ်တွင်း IUD တားဆေးပစ္စည်းထည့်ခြင်း
(၉) သွေးကျဲဆေးသောက်နေရခြင်း
(၁၀) ခီမိုဆေးသွင်းနေသူဖြစ်ခြင်း
>> မည်သည့်ပမာဏလောက်ဆင်းခြင်းကို ရာသီသွေး များများဆင်းတယ်လို့ သတ်မှတ်လဲဆိုရင်တော့ -
● တစ်နာရီတိုင်း (သို့) နှစ်နာရီတိုင်းတွင် အောက်ခံဂွမ်းထုပ်ကို မဖြစ်မနေလဲရခြင်း
● ၂.၅ စင်တီမီတာခန့်ရှိသော သွေးခဲများဆင်းခြင်း
● အောက်ခံဘောင်းဘီနှင့် အိပ်ရာခင်းများ စွန်းခြင်း
● အောက်ခံ pad (သို့) tampon ကို တစ်ခါသုံးရင် နှစ်ခုအသုံးပြုရခြင်း စတဲ့အချက်တွေ ရှိနေပါက သွေးအဆင်းများနေပြီဟု ယူဆနိုင်ပါတယ်။
Dolfenal 2

● တကယ်လို့ သင့်အနေနှင့် သွေးအဆင်းများလို့ စိုးရိမ်ခြင်း၊ ရာသီသွေးက ပိုမိုများလာခြင်း၊ သွေးဆင်းခြင်းအပြင် နာကျင်ကိုက်ခဲခြင်းနှင့် ရာသီတစ်ခုနင့်တစ်ခုအကြား သွေးဆင်းခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
● သွေးအဆင်းများခြင်းအတွက် သန္ဓေတားဆေးများသောက်ခြင်း၊ သွေးတိတ်ဆေးများသောက်ခြင်း၊ လိုအပ်ပါက ခွဲစိတ်ခြင်းတို့ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ နာကျင်ကိုက်ခဲနေသူများအတွက်လည်း အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်ပါတယ်။ ဖြစ်ပေါ်စေသော ရောဂါရှိနေပါကလည်း ကုသမှုခံယူခြင်းဖြင့် သွေးဒလဟောဆင်းခြင်းကို သက်သာအောင် ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















