/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးပြီးနောက်-ကျန်းမာစွာနေထိုင်ဖို့အတွက်-နည်းလမ်းကောင်းများ

သွေးဆုံးပြီးနောက် ကျန်းမာစွာနေထိုင်ဖို့အတွက် နည်းလမ်းကောင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သွေးဆုံးပြီးချိန်မှာ ကျန်းမာသွက်လက်စွာ နေထိုင်ဖို့ဆိုရင် အာဟာရစုံလင်စွာ စားသောက်ဖို့နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။

အာဟာရနဲ့ပတ်သက်လာရင် သွေးဆုံးပြီးအမျိုးသမီးတွေအနေနဲ့ ငယ်ငယ်ကနဲ့မတူတာက ကယ်လ်ဆီယမ်ဓာတ်ကို ပိုမိုလိုအပ်လာတာပါပဲ။ အရင်တုန်းက တစ်နေ့ကို (၁၀၀၀) မီလီဂရမ် လိုအပ်ပေမယ့် သွေးဆုံးပြီးနောက်ပိုင်းမှာတော့ (၁၂၀၀) မီလီဂရမ်လောက် လိုအပ်လာပါတယ်။ နောက်တစ်မျိုးကတော့ ဗီတာမင်ဒီပါ။ ဗီတာမင်ဒီဟာ ကယ်လ်ဆီယမ်စုပ်ယူမှုကို အားပေးပြီး အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ နှစ်မျိုးလုံးဟာ လိုအပ်တာထက်ပိုများရင် ဆီးကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေတာကြောင့် ချင့်ချိန်မှီဝဲပေးဖို့ အရေးကြီးပါတယ်။

Menopace with Calcium 1

သွေးဆုံးပြီးချိန်မှာ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးအများစုဟာ သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန်များလာတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်အလေးချိန်ထိန်းပေးရုံသာမက နှလုံးနဲ့အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် အရိုးပါးအရိုးပွရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ တစ်ပတ်ကိုသုံးရက်အချိန်ပေးပြီး တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးနိုင်ရင်ကို အကျိုးကျေးဇူးရှိပါတယ်။

Menopace with Calcium 2

ဒီနှစ်ချက်အပြင် သွေးဆုံးပြီးချိန်မှာ ကျန်းမာစေဖို့အတွက် လုပ်ဆောင်ပေးသင့်တဲ့ နောက်ထပ်နည်းလမ်းတွေကတော့…..

●     ဆေးလိပ်လုံးဝမသောက်ပါနဲ့။

●     သကြားကို ချင့်ချိန်စားသုံးပါ။

●     သွေးတိုးရောဂါရှိပါက နေထိုင်စားသောက်မှု၊ ဆေးဝါးများဖြင့် သွေးပေါင်ချိန်ထိန်းပေးပါ။

●     စိတ်ဖိစီးမှု လျှော့ချပါ။

●     သွေးဆုံးကိုင်လက္ခဏာတွေ ပြင်းထန်တဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီး ဟော်မုန်းဆေးဝါးများကို မှီဝဲပေးပါ။

ဒီနည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် သွေးဆုံးပြီးနောက်ပိုင်းမှာလည်း ငယ်စဥ်ကလို ကျန်းမာသွက်လက်နေမှာ အသေအချာပါပဲနော်။

www.drmyanmar.com