/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးခါနီးအချိန်မှာ-အရေပြားယားယံခြင်း

သွေးဆုံးခါနီးအချိန်မှာ အရေပြားယားယံခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေရဲ့ ဘဝတစ်သက်တာတွင် အပျိုဖော်ဝင်ခြင်း၊ မိခင်ဘဝနှင့် သွေးဆုံးချိန် စသဖြင့် အရွယ်အဆင့်ဆင့်ကို ဖြတ်သန်းကြရပါတယ်။

သွေးဆုံးချိန်သို့ ရောက်ရှိသော အမျိုးသမီးတွေအနေနှင့် ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်သော -
1.  စိတ်အတက်အကျမြန်ခြင်း၊
2.  မျက်နှာနီမြန်းခြင်း၊  
3.  ညဘက်ချွေးပြန်ခြင်း၊
4.  မိန်းမကိုယ်ခြောက်သွေ့ခြင်း
5.  အရေပြားများယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။

Menopace 1

>>  ဘာကြောင့် အရေပြားယားယံတာလဲ?
သွေးဆုံးခါနီးအချိန်မှာ အမျိုးသမီးတွေရဲ့ အီစတိုဂျင်ဟိုမုန်းဟာ လျော့နည်းလာပါတယ်။  နောက်ဆက်တွဲအနေနှင့် ကော်လဂျင်ထုတ်လုပ်နှုန်းပါ ကျဆင်းလာတဲ့အတွက် အရေပြားဟာ ညစ်နွမ်းခြောက်သွေ့လာပါတယ်။
အရေပြားကထွက်သော သဘာဝအဆီတွေဟာလည်း အီစတိုဂျင်နည်းသွားတာနှင့်အမျှ ကျဆင်းလာတာမို့ အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေပြီး ယားယံစေတာ ဖြစ်ပါတယ်။

Menopace 2

>>  သွေးဆုံးချိန်မှာ အရေပြားယားယံခြင်းကို ဘယ်လိုကုသမလဲ?
(၁)  Calamine ပါသော ဆေးများလိမ်းခြင်း
(၂)  ဗီတာမင်စီ ပါဝင်သောဆေးများသောက်ခြင်း၊ ချဉ်သောအသီးအနှံများစားခြင်း
ဒီလိုလုပ်ကြည့်တာတောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နှင့် သွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)