သွေးဆုံးချိန်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်စေဖို့ ...
အမျိုးသမီးတွေအတွက် သွေးဆုံးကာနီးနဲ့ သွေးဆုံးချိန်တွေကို ဖြတ်သန်းရတာ ခက်ခဲပြီးတော့ တစ်ခါတစ်ရံမှာ နာကျင်မှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါက အသက်ကြီးလာတဲ့အခါမှာ မဖြစ်မနေကြုံတွေ့ရမယ့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကောင်းကောင်းစီမံလို့ ရပါတယ်။ ဒီလက္ခဏာတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့အတွက် သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
>> အပူဒဏ်ကို ခံစားရခြင်း
အပူဒဏ် ခံစားရခြင်းတွေကို ကာကွယ်နိုင်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် အောက်ပါအချက်တွေကို ကြိုးစားကြည့်ပါ။
● အရက်ကြောင့်လား၊ အပူအစပ် အစားအစာတွေကြောင့်လား စသည်ဖြင့် အပူဒဏ်ကို ပိုဆိုးစေတဲ့အရာတွေကို သေချာဖော်ထုတ်ပါ။
● အလုပ်၊ အိမ်မှာ ပန်ကာသုံးပါ။
● ရာသီ လာနေသေးတယ်ဆိုရင် သနေ္ဓတားဆေး၊ သောက်ဆေး အပျော့စားသောက်ပါ။
● အပူဒဏ် စပြီးဖြစ်လာတဲ့အခါမှာ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။
● အပူဒဏ် စပြီးဖြစ်လာပြီလို့ ခံစားရရင် အဝတ်အစား အပေါ်လွှာအချို့ကို ချွတ်လိုက်ပါ။
>> မိန်းမကိုယ် ခြောက်သွေ့ခြင်း
မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းအတွက် လိင်ဆက်ဆံခြင်းမှာ ရေဓာတ်အခြေခံသော ချောဆီအသုံးပြုခြင်း၊ ရက်အနည်းငယ်ကြာအောင် မွေးလမ်းကြောင်း စိုစွတ်မှုပေးတဲ့ခရင်မ် လိမ်းခြင်း စတာတွေ လုပ်နိုင်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ မိန်းမကိုယ် မသက်မသာဖြစ်မှုတွေအတွက် ဆရာဝန်က ဆေးညွှန်ပေးပါလိမ့်မယ်။
အမျိုးသားနဲ့ လိင်ဆက်ဆံဖို့ စိတ်မပါဘူး၊ တွန့်ဆုတ်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
>> အိပ်မပျော်ခြင်းနှင့် စိတ်အတက်အကျများ
အိပ်မပျော်ခြင်းတွေကို အထောက်အကူပြုစေဖို့အတွက် အောက်ပါအချက်တွေကို ကြိုးစားကြည့်ပါ။
● နေမွန်းတည့်ပြီးနောက် အစား အများကြီးစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကော်ဖီနှင့် ကဖင်းဓာတ်များ သောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
● နေ့ဘက်တွေမှာ တရေးအိပ်ခြင်း မပြုပါနဲ့။
● အိပ်ခါနီးအချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်သောက်ခြင်းတွေကို ရှောင်ကြဉ်ပါ။
● အိပ်ရာမဝင်မီမှာ နို့ပူပူ၊ ကဖင်းမပါတဲ့ လက်ဖက်ရည်ပူပူ သောက်ပါ။
● မှောင်ပြီးတော့ တိတ်ဆိတ်အေးမြတဲ့အခန်းထဲမှာ အိပ်ပါ။
● အိပ်စက်ခြင်းကို ကောင်းမွန်စေဖို့အတွက် အပူဒဏ် ခံစားရတာကို ကုသပါ။
စိတ်ဖိစီးမှုများကို ဖြေဖျောက်ခြင်း၊ မှန်ကန်စွာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား နေထိုင်ခြင်းတို့က စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ အိပ်စက်ခြင်းပြဿနာတွေကို ကူညီပေးနိုင်မှာပါ။ စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေအတွက် ဆရာဝန်ကလည်း ဆေးညွှန်ပေးပါလိမ့်မယ်။ ဆရာဝန်ကို ကိုယ်ခံစားနေရတဲ့ဝေဒနာတွေကို သေချာပြောပြပြီး တခြားအကြောင်း တစ်ခုခုလားဆိုတာကို သေချာတိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
● ရာသီ လာနသေေးတယျဆိုရငျ သန်ဓတေားဆေး၊ သောကျဆေး အပြော့စားသောကျပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















