သွေးဆုံးပြီးအမျိုးသမီးများနှင့် ကိုယ်အလေးချိန်တိုးလာခြင်း
အသက်အရွယ်ကြီးတာလာနှင့်အမျှ အမျိုးသမီးတွေဟာ မလိုလားအပ်တဲ့နေရာမှာ အဆီစုတဲ့ပြဿနာကို ရင်ဆိုင်လာကြရပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းပမာဏ နည်းပါးလာတာကြောင့် ၀မ်းဗိုက်မှာ အဆီစုလာလေ့ရှိပါတယ်။ အ၀လွန်မျိုးရိုးရှိသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။
၀မ်းဗိုက်မှာအဆီစုလာတာကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာစေပါတယ်။ ခါးအတိုင်းအတာ 35 လက်မထက်ပိုပါက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါနှင့် အရွယ်မတိုင်မီသေဆုံးခြင်းတို့ကို မြင့်မားစေပါတယ်။
၀ိတ်ကျဆေးဝါးများကိုမရွေးချယ်မီ ကိုယ်အလေးချိန်ကျဆင်းစေရန် ဘေးကင်းလုံခြုံတဲ့ နည်းလမ်း (2)ခုကတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်များစားသောက်ခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အနည်းဆုံးတစ်နေ့လျှင် နာရီ၀က်နဲ့သီးတင်းတစ်ပတ်လျှင် ငါးရက်ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် အစားအသောက်မဆင်ခြင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာကအကျိုးမရှိပါဘူး။
Dr. Htet Htet Aung
















