ဟော်မုန်းမညီမျှတဲ့လက္ခဏာ (၁၀) ရပ်
ဟော်မုန်းမညီမျှခြင်းဟာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်တဲ့ နုံးတာ၊ ဝလာတာကစလို့ အသားအရေယားယံတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတတ်ပါတယ်။
ဘယ်သူမှတော့ ဟော်မုန်းမညီမျှတာ မဖြစ်ချင်ဘူးနော်။ ဒီတော့ ဟော်မုန်းမညီမမျှဖြစ်နေတာကို ဘယ်လိုသိနိုင်ပြီးတော့ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို ပြောပြပါ့မယ်။
ဟော်မုန်းဆိုတာ ဟော်မုန်းဂလင်းတွေကနေ သွေးထဲကို ထုတ်လွှတ်လိုက်တဲ့ဓာတ်တွေပါ။ ဟော်မုန်းတွေ အရမ်းနည်းလာ၊ များလာတဲ့အခါ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
Dolfenal 1

ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာရဲ့ အလုပ်တော်တော်များများဖြစ်တဲ့ အစာစားချင်စိတ်၊ ဇီဝကမ္မဖြစ်စဉ်၊ အိပ်ချိန်စက်ဝန်း၊ မျိုးပွားစက်ဝန်း၊ မျိုးပွားလုပ်ငန်းတွေ၊ ကိုယ်အပူချိန်နဲ့ စိတ်ခံစားချက်တွေအတွက် အရေးပါပါတယ်။
ဒါကြောင့်မို့ နည်းနည်းလေး အတက်အကျဖြစ်တာနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးနဲ့ နေထိုင်ကောင်းမှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိနေတာပေါ့။
ဟော်မုန်းတွေဟာ တက်လိုက်ကျလိုက် ပြောင်းလဲနေပါတယ်။ အထူးသဖြင့် လူပျိုအပျိုဖော်ဝင်ချိန်၊ အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာလာစဉ်၊ ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးစဉ် စသဖြင့်ပေါ့။ ဒါတွေဟာ လူနေမှုပုံစံနဲ့ တချို့ရောဂါတွေကြောင့်လည်း ပြောင်းလဲနိုင်ပါတယ်။
အရေးကြီးတာက လက္ခဏာတွေကို သိရှိပြီးတော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသကာ ဆေး၊ ကုထုံးတွေ၊ လူနေမှုပုံစံပြောင်းလဲမှုတွေ စတဲ့ ကုသမှုတွေနဲ့ ဟော်မုန်းပြန်လည်ညီမျှအောင် ထိန်းညှိဖို့ လိုပါတယ်။
Dolfenal 2

ဒါတွေကတော့ -
၁။ စိတ်ခံစားမှု အတက်အကျမြန်ခြင်း
၂။ ဓမ္မတာများခြင်း၊ အရမ်းနာခြင်း
၃။ လိင်စိတ်ဆန္ဒလျော့နည်းခြင်း
၄။ အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်း
၅။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တက်လာခြင်း
၆။ အရေပြားပြဿနာများ (ဥပမာ - ဝက်ခြံထွက်ခြင်း)
၇။ ကလေးရရန်
၈။ ခေါင်းကိုက်ခြင်း
၉။ အရိုးအားနည်းခြင်း
၁၀။ မိန်းမကိုယ်ခြောက်သွေ့ခြင်း
ဒီအချက်တွေကို သေချာစောင့်ကြည့်ပြီး ကိုယ့်မှာ ဟော်မုန်းမညီမမျှဖြစ်နေတာမျိုး ကြုံနေရပြီလားဆိုတာ သတိထားမိစေနိုင်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















