အစာအိမ်နှင့် အူလမ်းကြောင်းတလျှောက် ရောင်ရမ်းနာရောဂါရှိသူများ ကိုယ်၀န်ဆောင်မည်ဆိုလျှင် သတိထားသင့်
Inflammatory Bowel Disease (IBD) ဟာ အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက် ရောင်ရမ်းနာဖြစ်ပြီး IBD ရောဂါ တွေထဲမှာ Crohn Disease (အူသိမ်နှောင်းပိုင်း တွင်ဖြစ်သော ရောင်ရမ်းနာ) နှင့် ulcerative colitis (အူမရောင်ရမ်းနာ) တို့က အဖြစ်များတဲ့ ရောဂါများ ဖြစ်ပါတယ်။ IBD ရောဂါတွေဟာ နာတာရှည်ရောဂါဖြစ်ပြီး ပေါ်လိုက်ပျောက် လိုက်ဖြစ်လေ့ရှိပါတယ်။
IBD ရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်၀န်ဆောင်ချိန်မှာ အထူးသတိထားဖို့ လိုအပ်ပါတယ်။ မိခင်လောင်းတွင် IBD ရှိပါက သားပျက်သားလျောဖြစ်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းတို့ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရောဂါခံစားရနေချိန်တွင် ကိုယ်၀န်ဆောင် ပါက လမစေ့ဘဲ မွေးဖွားခြင်းကို ပိုမိုမြင့်တက်စေတာကြောင့် ဆရာ၀န်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို သေချာသောက်သုံးဖို့ အထူးလိုအပ်ပါတယ်။
များသောအားဖြင့် ကိုယ်၀န်မဆောင်မီ ရောဂါလက္ခဏာမပြတဲ့ အမျိုးသမီးတွေဟာ ကိုယ်၀န်ဆောင်ချိန်မှာလည်း ရောဂါ လက္ခဏာပြလေ့မရှိတာကြောင့် ကလေးယူဖို့ အစီအစဉ်ရှိပါက ရောဂါငုပ်နေချိန်က ကလေးယူဖို့အကောင်းဆုံးအချိန်ဖြစ် ပါတယ်။
ကိုယ်၀န်ဆောင်ချိန်မှာလည်း သနေ္ဓသားရဲ့ကျန်းမာရေးအခြေအနေကို ဆရာ၀န်နှင့်တိုင်ပင်ပြီး အမြဲစစ်ဆေးရပါမယ်။
Dr. Htet Htet Aung
















