အဖြူဆင်းခြင်း (ဆယ်ကျော်သက်တို့သိစေဖို့၊ အပိုင်း-10)
Category
အမျိုးသမီးများနှင့်ကျန်းမာရေး
မိန်းကလေးတိုင်း အဖြူဆင်းခြင်းကို ကြုံရဖူးမှာပါ။ ဒီလို အဖြူဆင်းတာမှာ ဘာအကြောင့်ကြောင့်မှမဟုတ်ဘဲရိုးရိုးဆင်းတာနဲ့ ရောဂါတစ်ခုခုကြောင့် ဆင်းတာဆိုပြီးရှိပါတယ်။ ဒီအဖြူဆင်းတာနဲ့ပတ်သတ်ပြီး သားဖွားနှင့်မီးယပ်အထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်၊ ဒေါက်တာ အေးချမ်းမိုးနဲ့ ဒေါက်တာ ထက်ထက်အောင်တို့က Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုဒ်ရဲ့ "ဆယ်ကျော်သက်တို့ သိစေဖို့" ကဏ္႑ကနေတဆင့် အပြည့်အစုံဆွေးနွေးပေးလိုက်ပါတယ်။
















