အမျိုးသမီးတိုင်းဖြတ်သန်းကြရမယ့် သွေးဆုံးချိန်
အမျိုးသမီးအများအပြားက အသက် ၄၀ ကျော်လာပြီဆိုရင် သွေးဆုံးတဲ့လက္ခဏာတွေကိုစပြီး သတိပြုမိလာကြပါတယ်။ ဒီအချိန်ကိုတော့ သွေးဆုံးကာနီးအချိန်တွေလို့ခေါ်ပါတယ်။ သွေးဆုံးကာနီးအချိန်အတောအတွင်းမှာ သားဥအိမ်တွေရဲ့လုပ်ဆောင်ချက်တွေစကျလာပြီးတော့ ခန္ဓာကိုယ်ထဲက အီစရိုဂျင်ပမာဏလည်းပဲ နည်းလာပါတယ်။ ဒီလိုဟော်မုန်းတွေကျလာတဲ့အတွက်ကြောင့် အမျိုးသမီးအများစုက အပူဒဏ်မခံနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပြသနာအချို့နဲ့ ရာသီစက်ဝန်းအပြောင်းအလဲတွေကိုစတင်ခံစားကြရပါတယ်။
၁၂ လဆက်တိုက်ရာသီိမလာတော့ရင် သွေးဆုံးတယ်လို့သတ်မှတ်ပါတယ်။
သွေးဆုံးခါနီးအချိန်တွေမှာဖြစ်တတ်တဲ့ရာသီစက်ဝန်းအပြောင်းအလဲ
ပထမဆုံးအနေနဲ့တော့ ရာသီတစ်ခုနဲ့တစ်ခုကြားကြာချိန်တွေပိုရှည်လာပါတယ်။ ပြီးရင် တစ်လရာသီမလာဘဲ ကျော်သွားတာ၊ ဒါမှမဟုတ်လများစွာမလာတာတွေ ဖြစ်လာပါမယ်။ ဒါက သားဥအိမ်က လစဉ်မျိုးဥမကြွေတော့လို့ဖြစ်တဲ့ ပုံမှန်လက္ခဏာပါပဲ။
ဒီလိုမဟုတ်ဘဲနဲ့ အရင်ကအတိုင်းဘာမှအပြောင်းအလဲမရှိဘဲ ရာသီလာနေတယ်ဆိုရင် အပြောင်းအလဲတစ်ခုခုကို ပိုပြီးသတိပြုမိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ အတွေ့အကြုံတွေမတူပါဘူး။ တချို့က လက္ခဏာတွေကိုသိသိသာသာခံစားရပြီးတော့ တချို့ကတော့မသိမသာဘဲဖြတ်ကျော်သွားနိုင်ပါတယ်။
ဒါပေမယ့် ဒီလိုသွေးဆုံးခါနီးအချိန်တွေမှာ ကိုယ်ဝန်ရနိုင်သေးတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် ရာသီတစ်လပျောက်ရင် ကိုယ်ဝန်ကိုလည်းထည့်ပြီးစဉ်းစားဖို့လိုပါတယ်။
♦ ပူလွန်းခြင်း
ဒီအချိန်မှာ ခန္ဓာကိုယ်မှာပူနေတာက အဖြစ်များဆုံးပါ။ မျက်နှာတွေလည်ပင်းတွေကနေစပူလာပြီးတော့ ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပူလာတာတွေခံစားရပါတယ်။ တစ်ချို့မှာကျတော့ အရမ်းမခံမရပ်နိုင်အောင် အပူကိုခံစားရပြီးတော့ တစ်ချို့မှာတော့ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ရုံလောက်ပဲ ခံစားရပါတယ်။ စဖြစ်ပြီးတော့ ၅ နှစ်လောက်အတွင်းမှာ ပြန်ပျောက်သွားလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း သွေးဆုံးပြီးတဲ့အချိန်အထိ အပူကိုဆက်ပြီးခံစားရတာလည်းရှိပါတယ်။
ရောဂါတစ်ခုခုကြောင့် သားဥအိမ်တွေကိုခွဲစိတ်ဖယ်ရှားထားတဲ့အမျိုးသမီးတွေမှာ ဒီလိုအပူဒဏ်ခံစားရတာတွေက ပိုဆိုးပြီးတော့မကြာခဏဖြစ်တတ်ပါတယ်။ ဒီလက္ခဏာကဆိ်ုးလွန်းလို့ နေ့စဉ်လုပ်နေကျအလုပ်တွေကိုတောင်မှ အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။ ပွပွချောင်ချောင်ချည်ထည်အကျၤ ီတွေဝတ်နေတာ၊ ညဘက်မှာ အဲကွန်း၊ ပန်ကာဖွင့်အိပ်တာတွေလုပ်နိုင်သလို ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေလည်းသောက်နိုင်ပါတယ်။
♦ မွေးလမ်းကြောင်းမှာဖြစ်တတ်တဲ့လက္ခဏာတွေ
တချို့အမျိုးသမီးတွေမှာ သွေးဆုံးခါနီးရဲ့ပထမဆုံးလက္ခဏာအနေနဲ့ မိန်းမကိုယ်၊ မွေးလမ်းကြောင်းခြောက်လာတာကို ခံစားကြရပါတယ်။ ဒီအခါမှာ အမျိုးသားနဲ့အတူနေရင် နာကျင်တာတွေကိုခံစားရမယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေလည်း ပိုများလာပါတယ်။
သွေးဆုံးကာနီးခံစားရတဲ့လက္ခဏာအများစုက အချိန်ကြာလာတဲ့အမျှ သက်သာလာတာများပေမယ့်လည်း မွေးလမ်းကြောင်းခြောက်တာကတော့ အသက်ကြီးလာတာနဲ့အမျှပိုဆိုးလာပါတယ်။ ဒါပေမယ့်လည်း ဒီလက္ခဏာကိုသက်သာစေဖို့အတွက် ချောဆီတွေ၊ အစိုဓာတ်ထိန်းခရင်တွေရှိပါတယ်။
အမျိုးသမီးတွေက သွေးဆုံးချိန်ကပ်လာပြီးဆိုတာနဲ့ လိင်စိတ်နည်းလာပါတယ်။ ဒီတော့ လိင်မှုဆိုင်ရာပြသနာတွေအတွက် ဆရာဝန်နဲ့၊ ကိုယ့်ရဲ့ခင်ပွန်းနဲ့တိုင်ပင်ပါ။
♦ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ
သွေးဆုံးကာနီးအချိန်တွေမှာ စိတ်တွေဂဏှာမငြိမ်ရောက်ရက်ခတ်တာ၊ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်၊ စိတ်နဲ့ကိုယ်နဲ့မကပ်၊ ဝမ်းနည်းတာတွေခံစားကြရပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကြောင့် ပေါင်းသင်းဆက်ဆံရေး အိမ်တွင်းရောအလုပ်မှာပါ လာထိခိုက်တတ်ပါတယ်။
ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေဖြစ်လာရင်၊ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီးတော့ အကြံဉာဏ်ရယူပါ။
♦ အိပ်စက်မှုပုံစံတွေလည်းပြောင်းလာပါတယ်။
အိပ်ရေးမဝတာကတော့အဆိုးဆုံးပါ။ ဒီလိုမျိုးအိပ်ရေးပျက်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ- ညဘက်တွေမှာ ပူနေတာတွေ၊ စိတ်တို၊စိတ်လှုပ်ရှားမှုတေါကြောင့် ၊ အလုပ်ရဲ့စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်မပျော်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ညဘက်တွေမှာ အိပ်နေရင်းမကြာခဏနိုးလာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဒီပြဿနာတွေအတွက် အမူအကျင့်ကုထုံးတွေအပါအဝင် ဆေးဝါး တွေစသည်ဖြင့် ကုထုံးအမျိုးမျိုးရှိပါတယ်။
♦ ရုပ်ရည်သွင်ပြင်ပြောင်းလဲလာခြင်း
သွေးဆုံးကာနီးအချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အောက်ပါအပြောင်းအလဲတွေကိုလည်း ခံစားရနိုင်ပါတယ်။
• အမွေးတွေကျွတ်လာမယ်။
• အသားအရေတွေအိုမင်းရင့်ရောင်လာမယ်၊( အသားတွေခြောက်လာ၊ တွန့်လာမယ်)
• ခန္ဓာကိုယ်ထဲမှာအဆီတွေပြန်ပြန့်လာလို့ ခါးတွေတုတ်လာမယ်
• ဝက်ခြံထွက်လာမယ်
သွေးဆုံးချိန်ကိုဖြတ်သန်းရတဲ့လမ်းကြောင်းက အမျိုးသမီးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြပါတယ်။ ဘယ်သူမှာဘာတွေဖြစ်မယ်ဆိုတာကို ကြိုခန့်မှန်းဖို့လည်းခက်ပါတယ်။ ဒီတော့ ဒါတွေကြုံလာရပြီဆိုရင် အားငယ်စိတ်ပျက်မနေဘဲနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ သက်သာရာနည်းလမ်းတွေကိုရှာပါ။ ပြီးတော့ မိသားစုဆီကအကူအညီကိုရယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
• ခန်ဓာကိုယျထဲမှာအဆီတှပွေနျပွန့ျလာလို့ ခါးတှတေုတျလာမယျ
• ဝကျခွံထှကျလာမယျ
Dr. Mya Myo Myo Swe (www.drmyanmar.com)
















