/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အိမ်တွင်းအောင်းနေရချိန်-ကျန်းမာအောင်နေဖို့-နည်းလမ်းများ

အိမ်တွင်းအောင်းနေရချိန် ကျန်းမာအောင်နေဖို့ နည်းလမ်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အခုဆိုရင် အလုပ်တော်တော်များများလည်း ပြန်ဖွင့်နေပါပြီ။ ဒါပေမဲ့ အရင်လို အလုပ်ပြီးတာနဲ့ အပြင်ထွက် မုန့်စား လျှောက်လည်တာတွေကတော့ အချိန်အတိုင်းအတာတစ်ခုထိတော့ ရှောင်ရဦးမှာပဲ ဖြစ်ပါတယ်။ ဒီတော့ အိမ်တွင်းအောင်းရမယ့်အချိန်ကတော့ ဆက်ပြီးတော့ များနေဦးမှာပဲ ဖြစ်ပါတယ်။
အိမ်တွင်းအောင်းနေရချိန်တွေဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ် ထင်ရပေမယ့်လည်း အိမ်မှာပဲ စိတ်ပျော်ရွှင် ကိုယ်ကျန်းမာအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ အရာရာတိုင်းဟာ ကိုယ်မျှော်လင့်ထားသလို မဖြစ်လာဘဲ အနာဂတ်ဆိုတာဟာလည်း မရေမရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး ကပ်ရောဂါဆိုးကို ကာကွယ်ဖို့ လိုအပ်ပါတယ်။
ကျန်းမာစေဖို့ လူတွေနဲ့ မထိတွေ့ဘဲနေတာ၊ လက်ကို ဆပ်ပြာနဲ့ဆေးတာအပြင် တခြားလုပ်ဆောင်ရမယ့်နည်းလမ်းတွေလည်း ရှိပါသေးတယ်။

1.  ကောင်းကောင်းစားပါ။
ကာကွယ်ဆေးမထိုးဘဲ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို လုံးလုံးကြီးတားဆီးလို့ မရပါဘူး။ ကာကွယ်ဆေးကလည်း အနည်းဆုံးတော့ ၁၈ လကနေ ၂၄ လလောက်အထိ ကြာနိုင်သေးတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင် စားပေးတာက ကိုယ်ကျန်းမာရေးအတွက်တင်မက စိတ်ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။
များများစားစား မလိုပါဘူး။ အချိုများတဲ့ ပြုပြင်ထားတဲ့အစားအသောက်တွေကို ရှောင်ရှားရုံပါပဲ။
အသီးအရွက်တွေ၊ အရောင်မချွတ်ထားတဲ့ အစေ့အနှံတွေမှာပါတဲ့ ကစီဓာတ်တွေဟာ စွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးတာမို့ စိတ်ကို တည်ငြိမ်စေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ဆိုတာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးအပြင် သံဓာတ်၊ ဇင့်ဓာတ်နဲ့ ဆီလီနီယမ်သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အစားအသောက်တွေပေါ့။
ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ပဲ၊ ငှက်ပျောသီး၊ ဥအမျိုးမျိုး၊ ကြက်ဘဲ၊ ငါးနဲ့ ကန်စွန်းဥ စတာတွေမှာပါတဲ့ ဗီတာမင်ဘီဓာတ်ပေါင်းတွေနဲ့ ပျော်ရွှင်စေတဲ့ စီရိုတိုနင်၊ ဒိုပါမင်းဓာတ်ပေါင်းတွေဟာ ဦးနှောက်အတွက် အရေးပါပါတယ်။
အူလမ်းကြောင်းကျန်းမာရေးကိုလည်း အလေးထားဖို့ လိုပါတယ်။ ဆားစိမ်၊ ကင်မ်ချီ၊ ဒိန်ချဉ်တို့လို အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယားတွေဟာလည်း ရောင်ရမ်းမှုတွေကို ကျစေပြီး စိတ်အခြေအနေကို ကောင်းစေနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အရက်၊ ဆေးလိပ်နဲ့ ဆေးဝါးတွေကို စိတ်ထွက်ပေါက်အနေနဲ့ မသုံးဖို့ သတိပေးထားပါတယ်။

2.  အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးဝခြင်းက ဆဲလ်တွေကိုပြုပြင်ပေးဖို့၊ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့၊ မှတ်ဉာဏ်ကောင်းစေဖို့ အရေးပါပါတယ်။ အိပ်ရေးပျက်ခြင်းဟာ စိတ်ခံစားချက်ကိုပါ ထိခိုက်နိုင်ပါတယ်။
စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အလုပ်လုပ်တာတွေလိုမျိုးပဲ အိပ်ချိန်ကိုလည်း ပုံမှန်ထားဖို့ လိုပါတယ်။ ညဘက်ကို အချိန်မှန်အိပ်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်အောင် လုပ်ထားဖို့လိုပါတယ်။
ညဘက်မှာ စိတ်ပူပန်စရာတွေများလို့ အိပ်မပျော်တာမျိုးရှိနေရင် သတင်းတွေ နားထောင်တာ လျှော့ပါ။ ညနေဘက်မှာ ဖုန်းစခရင်မ်ကြည့်တာ လျှော့ပါ။ ဖုန်းစခရင်မ်က အပြာရောင်အလင်းတန်းဟာ မျက်လုံးမြင်လွှာကို လှုံ့ဆော်ပြီး အိပ်ချင်စိတ်ကို ပျောက်စေပါတယ်။

pH Care 1

3.  လေ့ကျင့်ခန်း လုပ်ပေးပါ။
လေ့ကျင့်ခန်းက ကိုယ်ခန္ဓာကို နေလို့ကောင်းစေတဲ့ ဓာတ်တွေ ထုတ်လွှတ်ပေးပါတယ်။ ဒီဓာတ်တွေက အိပ်ပျော်စေပြီး စိတ်ဖိစီးမှုတွေကိုကျစေကာ မှတ်ဉာဏ်ကို တိုးတက်စေနိုင်ပါတယ်။
အလုပ်က ပြန်လာပြီဆိုတာနဲ့ အိမ်မှာ တစ်နေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။
ယောဂဆရာတွေ၊ လေ့ကျင့်ခန်း သင်တန်းပြဆရာတွေ အတော်များများဟာ online သင်တန်းတွေ ပို့ချတာမို့ အိမ်ကနေ လိုက်လုပ်ကြည့်နိုင်ပါသေးတယ်။
အိမ်မှာပဲ လှေကားအတက်အဆင်းလုပ်တာ၊ ထိုင်ထလုပ်တာ၊ ဘယ်လီရိုက်တာ၊ ကြိုးခုန်တာတွေ လုပ်ပေးနိုင်ပါတယ်။

4. အပေါင်းအသင်းတွေနဲ့ ဆက်သွယ်ပါ။
ဒီလိုအချိန်မျိုးမှာ မိတ်ဆွေသူငယ်ချင်းတွေ ပိုလိုအပ်ပါတယ်။ အစားအသောက်တွေ၊ လေ့ကျင့်ခန်းတွေ၊ အိပ်တာတွေလောက်ကို အရေးပါပါတယ်။ လူအချင်းချင်း ထိတွေ့လို့မရပေမယ့် ဗီဒီယိုဖုန်းပြောတာမျိုးတော့ လုပ်ပေးနိုင်ပါတယ်။
အရင်က အချိန်မရခဲ့တဲ့အရာတွေပေါ့။ ပန်းပင်စိုက်တာ၊ ချက်ပြုတ်တာ၊ အချဉ်တည်တာ၊ puzzle ဆက်တာ၊ အပ်ချုပ်တာ၊ တရားထိုင်တာ၊ ပရိဘောဂတွေ ပြုလုပ်တာ၊ စာအုပ်ဖတ်တာ စသဖြင့်ပေါ့။
ကပ်ရောဂါကြီး ပြီးသွားချိန်မှာ အားလုံး ကျန်းကျန်းမာမာ လှလှပပ ပြန်တွေ့ကြရအောင်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

pH Care 2

(Zawgyi)

အခုဆိုရင္ အလုပ္ေတာ္ေတာ္မ်ားမ်ားလည္း ျပန္ဖြင့္ေနပါၿပီ။ ဒါေပမဲ့ အရင္လို အလုပ္ၿပီးတာနဲ႔ အျပင္ထြက္ မုန႔္စား ေလွ်ာက္လည္တာေတြကေတာ့ အခ်ိန္အတိုင္းအတာတစ္ခုထိေတာ့ ေရွာင္ရဦးမွာပဲ ျဖစ္ပါတယ္။ ဒီေတာ့ အိမ္တြင္းေအာင္းရမယ့္အခ်ိန္ကေတာ့ ဆက္ၿပီးေတာ့ မ်ားေနဦးမွာပဲ ျဖစ္ပါတယ္။
အိမ္တြင္းေအာင္းေနရခ်ိန္ေတြဟာ ပ်င္းရိၿငီးေငြ႕ဖြယ္ေကာင္းတယ္ ထင္ရေပမယ့္လည္း အိမ္မွာပဲ စိတ္ေပ်ာ္ရႊင္ ကိုယ္က်န္းမာေအာင္ လုပ္ႏိုင္တဲ့နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကာလမွာ အရာရာတိုင္းဟာ ကိုယ္ေမွ်ာ္လင့္ထားသလို မျဖစ္လာဘဲ အနာဂတ္ဆိုတာဟာလည္း မေရမရာေတြ ျဖစ္လာပါတယ္။ ဒါေၾကာင့္ က်န္းမာေပ်ာ္ရႊင္စြာ ေနထိုင္ၿပီး ကပ္ေရာဂါဆိုးကို ကာကြယ္ဖို႔ လိုအပ္ပါတယ္။
က်န္းမာေစဖို႔ လူေတြနဲ႔ မထိေတြ႕ဘဲေနတာ၊ လက္ကို ဆပ္ျပာနဲ႔ေဆးတာအျပင္ တျခားလုပ္ေဆာင္ရမယ့္နည္းလမ္းေတြလည္း ရွိပါေသးတယ္။

1.  ေကာင္းေကာင္းစားပါ။
ကာကြယ္ေဆးမထိုးဘဲ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈကို လုံးလုံးႀကီးတားဆီးလို႔ မရပါဘူး။ ကာကြယ္ေဆးကလည္း အနည္းဆုံးေတာ့ ၁၈ လကေန ၂၄ လေလာက္အထိ ၾကာႏိုင္ေသးတယ္လို႔ ဆိုပါတယ္။
က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားေပးတာက ကိုယ္က်န္းမာေရးအတြက္တင္မက စိတ္က်န္းမာေရးအတြက္ပါ အေရးႀကီးပါတယ္။
မ်ားမ်ားစားစား မလိုပါဘူး။ အခ်ိဳမ်ားတဲ့ ျပဳျပင္ထားတဲ့အစားအေသာက္ေတြကို ေရွာင္ရွား႐ုံပါပဲ။
အသီးအရြက္ေတြ၊ အေရာင္မခြၽတ္ထားတဲ့ အေစ့အႏွံေတြမွာပါတဲ့ ကစီဓာတ္ေတြဟာ စြမ္းအင္ကို ျဖည္းျဖည္းခ်င္း ထုတ္လႊတ္ေပးတာမို႔ စိတ္ကို တည္ၿငိမ္ေစပါတယ္။
က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ဆိုတာ ဗီတာမင္ ေအ၊ ဘီ၊ စီ၊ ဒီ၊ အီးအျပင္ သံဓာတ္၊ ဇင့္ဓာတ္နဲ႔ ဆီလီနီယမ္သတၱဳဓာတ္ေတြ ႂကြယ္ဝတဲ့အစားအေသာက္ေတြေပါ့။
ပန္းေဂၚဖီစိမ္း၊ ဟင္းႏုႏြယ္ရြက္၊ ပဲ၊ ငွက္ေပ်ာသီး၊ ဥအမ်ိဳးမ်ိဳး၊ ၾကက္ဘဲ၊ ငါးနဲ႔ ကန္စြန္းဥ စတာေတြမွာပါတဲ့ ဗီတာမင္ဘီဓာတ္ေပါင္းေတြနဲ႔ ေပ်ာ္ရႊင္ေစတဲ့ စီ႐ိုတိုနင္၊ ဒိုပါမင္းဓာတ္ေပါင္းေတြဟာ ဦးေႏွာက္အတြက္ အေရးပါပါတယ္။
အူလမ္းေၾကာင္းက်န္းမာေရးကိုလည္း အေလးထားဖို႔ လိုပါတယ္။ ဆားစိမ္၊ ကင္မ္ခ်ီ၊ ဒိန္ခ်ဥ္တို႔လို အူလမ္းေၾကာင္း အက်ိဳးျပဳ ဘက္တီးရီးယားေတြဟာလည္း ေရာင္ရမ္းမႈေတြကို က်ေစၿပီး စိတ္အေျခအေနကို ေကာင္းေစႏိုင္ပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက အရက္၊ ေဆးလိပ္နဲ႔ ေဆးဝါးေတြကို စိတ္ထြက္ေပါက္အေနနဲ႔ မသုံးဖို႔ သတိေပးထားပါတယ္။

2.  အိပ္ေရးဝဝအိပ္ပါ။
အိပ္ေရးဝျခင္းက ဆဲလ္ေတြကိုျပဳျပင္ေပးဖို႔၊ အဆိပ္အေတာက္ေတြကို ဖယ္ရွားဖို႔၊ မွတ္ဉာဏ္ေကာင္းေစဖို႔ အေရးပါပါတယ္။ အိပ္ေရးပ်က္ျခင္းဟာ စိတ္ခံစားခ်က္ကိုပါ ထိခိုက္ႏိုင္ပါတယ္။
စားတာ၊ ေလ့က်င့္ခန္းလုပ္တာ၊ အလုပ္လုပ္တာေတြလိုမ်ိဳးပဲ အိပ္ခ်ိန္ကိုလည္း ပုံမွန္ထားဖို႔ လိုပါတယ္။ ညဘက္ကို အခ်ိန္မွန္အိပ္ၿပီး ပုံမွန္လုပ္႐ိုးလုပ္စဥ္အတိုင္းျဖစ္ေအာင္ လုပ္ထားဖို႔လိုပါတယ္။
ညဘက္မွာ စိတ္ပူပန္စရာေတြမ်ားလို႔ အိပ္မေပ်ာ္တာမ်ိဳးရွိေနရင္ သတင္းေတြ နားေထာင္တာ ေလွ်ာ့ပါ။ ညေနဘက္မွာ ဖုန္းစခရင္မ္ၾကည့္တာ ေလွ်ာ့ပါ။ ဖုန္းစခရင္မ္က အျပာေရာင္အလင္းတန္းဟာ မ်က္လုံးျမင္လႊာကို လႈံ႕ေဆာ္ၿပီး အိပ္ခ်င္စိတ္ကို ေပ်ာက္ေစပါတယ္။

3.  ေလ့က်င့္ခန္း လုပ္ေပးပါ။
ေလ့က်င့္ခန္းက ကိုယ္ခႏၶာကို ေနလို႔ေကာင္းေစတဲ့ ဓာတ္ေတြ ထုတ္လႊတ္ေပးပါတယ္။ ဒီဓာတ္ေတြက အိပ္ေပ်ာ္ေစၿပီး စိတ္ဖိစီးမႈေတြကိုက်ေစကာ မွတ္ဉာဏ္ကို တိုးတက္ေစႏိုင္ပါတယ္။
အလုပ္က ျပန္လာၿပီဆိုတာနဲ႔ အိမ္မွာ တစ္ေန႔ကို မိနစ္ ၃၀ ေလာက္ ေလ့က်င့္ခန္းလုပ္ေပးဖို႔ လိုပါတယ္။
ေယာဂဆရာေတြ၊ ေလ့က်င့္ခန္း သင္တန္းျပဆရာေတြ အေတာ္မ်ားမ်ားဟာ online သင္တန္းေတြ ပို႔ခ်တာမို႔ အိမ္ကေန လိုက္လုပ္ၾကည့္ႏိုင္ပါေသးတယ္။
အိမ္မွာပဲ ေလွကားအတက္အဆင္းလုပ္တာ၊ ထိုင္ထလုပ္တာ၊ ဘယ္လီ႐ိုက္တာ၊ ႀကိဳးခုန္တာေတြ လုပ္ေပးႏိုင္ပါတယ္။

4. အေပါင္းအသင္းေတြနဲ႔ ဆက္သြယ္ပါ။
ဒီလိုအခ်ိန္မ်ိဳးမွာ မိတ္ေဆြသူငယ္ခ်င္းေတြ ပိုလိုအပ္ပါတယ္။ အစားအေသာက္ေတြ၊ ေလ့က်င့္ခန္းေတြ၊ အိပ္တာေတြေလာက္ကို အေရးပါပါတယ္။ လူအခ်င္းခ်င္း ထိေတြ႕လို႔မရေပမယ့္ ဗီဒီယိုဖုန္းေျပာတာမ်ိဳးေတာ့ လုပ္ေပးႏိုင္ပါတယ္။
အရင္က အခ်ိန္မရခဲ့တဲ့အရာေတြေပါ့။ ပန္းပင္စိုက္တာ၊ ခ်က္ျပဳတ္တာ၊ အခ်ဥ္တည္တာ၊ puzzle ဆက္တာ၊ အပ္ခ်ဳပ္တာ၊ တရားထိုင္တာ၊ ပရိေဘာဂေတြ ျပဳလုပ္တာ၊ စာအုပ္ဖတ္တာ စသျဖင့္ေပါ့။
ကပ္ေရာဂါႀကီး ၿပီးသြားခ်ိန္မွာ အားလုံး က်န္းက်န္းမာမာ လွလွပပ ျပန္ေတြ႕ၾကရေအာင္ေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)